Chapter 147

20.9K 3.5K 493
                                    

Unicode

ဝေ့လန်တစ်ယောက် ကျန်းချုံးကို ဗုံးကြဲချလိုက်တယ်၊ ဖုမင်ကျီး မော့ကျန့်ယင်းကို ထုတ်ပစ်လိုက်ပြီ
_________________________________

တချို့ အင်တာနက်သုံးသူအစွန်းရောက်တွေကလည်း Marketing Accountတွေတင်သည့် သတင်းတွေကိုဖတ်ရင်း ဒီလိုအသစ်လေးတွေက Fanအားကိုးဖြင့် အကြီး၊အကြီးမှန်းမသိအောင် မောက်မာနေတာကိုမြင်တော့ အနုပညာလောကထဲကနေထွက်သွားစေချင်ကြသည်။ သိပ်မကြာခင် #ယန်းချင်းချီအနုပညာလောကထဲကနေထွက်သွား ဆိုသည့် Hashtagတွေတက်လာလေသည်။

ယန်းချင်းချီFanတွေကတော့ ကျိန်းသေပေါက် ယန်းချင်းချီကိုယုံတာပေါ့။ သူတို့ခင်ဗျာ သူတို့ကောကောကိုလည်းသနား၊ နန်ချန်ဆီလည်း အပြေးအလွှားသွားရင်း ဝိုင်းဝုန်းနေကြသည်။

[ ဟဲ့ ကုမ္ပဏီနဲ့ မန်နေဂျာက သေကုန်ကြပြီလား! ထွက်လာပြီး တစ်ခုခုလာလုပ်ကြစမ်းပါ! ]

ထိုအချိန်မှာ ကျန်းချုံးက မော့ကျန့်ယင်းရဲ့ Weibo postကို repostပြန်လုပ်ကာ

[ မော့လောင်ရှီးက သရုပ်ဆောင်ကောင်းတဲ့အပြင် သဘောလည်းကောင်းပါတယ် အမှန်အတိုင်းပြောရရင် သူက ကျွန်တော် အလေးစားရဆုံး စီနီယာတစ်ယောက်ပါပဲ တချို့သောဇာတ်လိုက်မင်းသားအကြောင်းကတော့ ပြောကိုမပြောချင်တော့ဘူး မော့လောင်ရှီး ဒီ့ထက်ပိုပြီးအောင်မြင်နိုင်ပါစေလို့ မျှော်လင့်ပါတယ် ]

ထို postတက်လာတာနဲ့ Forumထဲပွဲစည်သွားပြန်ကာ ကျန်းချုံးကဘယ်သူမှန်းမသိသေးသည့် အင်တင်နက်သုံးသူအများစုက သူကဘယ်သူလဲ။ ဒီလိုပေါ်တင်ကြီးပြောရဲတာ။ ရိုက်ကွင်းအဖွဲ့သားတွေထဲကလားဟုမေးလာကြသည်။

ယန်းချင်းချီကို အပုပ်ချဖို့ ဘယ်သတင်းမဆို မျက်ခြေမပျက်အာရုံစိုက်ထားကြသည့် Antiတွေကလည်း

[ ကျန်းချုံး 《 မြူနှင်းကြားကသိုင်းသမား 》ဇာတ်ကားထဲက မင်းသား ]

[ သောက်ကျိုးနည်း! ယန်းချင်းချီကံတော်တော်ကောင်းနေတဲ့ပုံပဲ ရိုက်ကူးရေးအတူလုပ်နေတဲ့ မင်းသားနှစ်ယောက်လုံးဆီကနေ အမုန်းခံနေရတာ ]

[ အတူတူတွဲရိုက်နေတဲ့မင်းသားတွေဆီကနေ ဒီလိုမျိုးတစ်လေသံထဲထွက်လာမှတော့ ဒါကယန်းချင်းချီရဲ့ပြဿနာဖြစ်သွားပြီ ဟုတ်တယ်မလား ]

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now