Chapter 171

18.8K 2.5K 148
                                    

Unicode

ချီချီ့မွေးနေ့
_________________________________

မနှစ်ကတော့ ယန်းချင်းချီကိုယ်ဝန်လွယ်ထားရတာကြောင့် ချီချီ့သူငယ်ချင်းတွေဖိတ်ပြီး အိမ်မှာပဲ ပါတီပွဲလုပ်ပေးဖြစ်သည်။ ချီချီကလည်း သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဆော့နေကာ တစ်ယောက်နဲ့တစ်ယောက် ကိတ်တွေနဲ့လိုက်သုတ်နေကြပြီး ပြန်ခါနီးမှာ ညစ်ပတ်နေသည့်ကြောင်ပေါက်လေးတွေဖြစ်သွားကြသည်။

ဒီနှစ်အတွက်တော့ ကျန်းမော့ချန်နဲ့ ယန်းချင်းချီ ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးရပြန်သည်။

'' ဒီတစ်ခေါက် သူ့ကိုခေါ်ပြီး အပြင်မှာလျှောက်လည်ကြမလား သူ လှေစီးချင်တယ်လို့ပြောတယ်လေ ကစားကွင်းသွားကြမလား အဲ့မှာဘဲလှေလေးတွေ မောင်းလို့ရတယ် ''

'' ဒါပေမဲ့ ယန့်ယန့်က ကစားကွင်းလိုက်လို့မရသေးဘူးလေ ''

'' အဲ့နေ့ကျ ချီချီနဲ့ပဲအရင်ဆုံး အပြင်တွေဘာတွေလျှောက်လည်လိုက်မယ်လေ ညနေပိုင်းမှ ညစာအတူစားကြတာပေါ့ ချီချီ့မွေးနေ့ဆိုတော့ မိဘတွေလည်းသူနဲ့အတူတူရှိချင်မှာပဲ ခင်ဗျားမိဘတွေရော၊ ကျွန်တော့်မိဘတွေရော ရှင်းချန်ကျဲရော ချင်းရှီကိုပါခေါ်လိုက်မယ် အဲ့အချိန်ကျ မိသားစုတွေအားလုံး စုံစုံညီညီညစာစားလို့ရပြီ ယန့်ယန့်လည်းပါလို့ရပြီ ''

'' မင်းသဘောလေ အလှတွေဘာတွေပြင်ဆင်လို့ရအောင် ကိုယ် ဟိုတယ်ကိုကြိုပြောထားလိုက်မယ် ''

'' အင်း '' ယန်းချင်းချီ ပြန်ဖြေလိုက်သည်။

နောက်နေ့ ချီချီ ပုံမှန်အတိုင်းကျောင်းရောက်လာတော့ သူ့အခန်းထဲဝင်ဝင်ချင်း အတန်းဖော်တွေက လက်ဆောင်တွေစုပေးကြတာကြောင့် သူ့မွေးနေ့ရောက်လာပြီမှန်း ထိုအချိန်ရောက်မှ သတိရသွားတော့သည်။

လက်ဆောင်တွေကိုမြင်မြင်ချင်း အူကြောင်ကြောင်လေးလိုက်ကြည့်နေသည့် ချီချီ့ကိုမြင်တော့ သူ့မွေးနေ့သူမေ့နေပြီမှန်း ပေါယန်နားလည်လိုက်တာကြောင့် ချီချီ့ခေါင်းကိုခေါက်ကာ အပြစ်တင်လိုက်သည်။

'' ကြောင်တောင်တောင်လေး ''

ချီချီက စိတ်မဆိုးသွားပဲ ပေါယန်ကို ကြည့်ကာ မျှော်လင့်တကြီးမေးလာသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now