Chapter 131

30.3K 3.9K 345
                                    

Unicode

ချန်ရွှမ်းလန် ကုမ္ပဏီပြောင်းဖို့ အဆင်သင့်ဖြစ်နေပြီ၊ ယန်းချင်းချီကတော့ ငါးဖမ်းရတဲ့အနှစ်သာရကို နားလည်သွားတယ်
_________________________________

ကျန်တဲ့လူတွေက အထဲရောက်သွားတာနဲ့ ထိုင်ခုံမှာ ဝင်မထိုင်သေးပဲ စင်နောက်မှာရပ်ပြီး စကားစမြည်ပြောနေကြသည်။ ယန်းချင်းချီ Toiletသွားချင်လာတာကြောင့် ကျန်းမော့ချန်ကိုပြောကာ ခန်းမထဲကနေထွက်လာလိုက်သည်။

Toiletသွားတဲ့လမ်းအကွေ့မှာ ယန်းချင်းချီ လူတစ်ယောက်ဖြင့် ဝင်တိုက်မိလေသည်။

''တောင်းပန်ပါတယ် '' တဖက်လူက အမြန်တောင်းပန်လာသည်။

ယန်းချင်းချီ ဝင်တိုက်တဲ့လူရဲ့မျက်နှာကိုကြည့်လိုက်တော့

''ချန်ရွှမ်းလန်? ''

ချန်ရွှမ်းလန်လည်း အံ့အားသင့်သွားကာ

''ယန်းချင်းချီ! မင်းနေကောင်းသွားပြီလား ''

ယန်းချင်းချီ ခေါင်းငြိမ့်ပြလိုက်သည်။

''မင်းကတော့တကယ့်အာဂပဲ ဘာဖြစ်သွားတာလဲ ဒီလောက်အရေးကြီးတဲ့နှစ်မှာ အနားယူဖို့အတွက် တစ်နှစ်တောင်နားလိုက်တယ်? မင်းလောက်သတ္တိကောင်းတဲ့လူ မရှိတော့ဘူး ''

ယန်းချင်းချီ ရယ်လိုက်ကာ

''ဒီတိုင်း ကျန်းမာရေးမကောင်းတာပါ အခုတော့ကောင်းသွားပါပြီ ဘာမှမဖြစ်တော့ဘူး ''

''တော်သေးတာပေါ့ ဒါပေမဲ့ မင်းကံကတော့ တော်တော်လေးကောင်းတယ်လို့ပြောရမယ် ရိုက်ထားတဲ့ ဇာတ်ကားရော၊ စီးရီးရော ထွက်လာတာနဲ့ချက်ချင်းကိုနာမည်ကြီးသွားတယ် နောက်ဆုံးပိုင်းအထိကို နာမည်ပြုတ်မကျသွားတဲ့အပြင် ဒီနေရာအထိရောက်အောင်တက်လာနိုင်တယ် ကံကတော့ရှယ်ကောင်းပဲ အခုလို အဆင်ပြေနေတာမြင်ရတော့ ဝမ်းသာပါတယ်ကွာ ''

''အဲ့ဒါကြောင့် စိတ်မပူပါနဲ့တော့ ''

ချန်ရွှမ်းလန်သက်ပြင်းချလိုက်ကာ

''ဘာမှမဖြစ်လို့တော်သေးတာပေါ့ ငါကမင်းနဲ့နန်ချန်နဲ့ ပြဿနာတက်ထားတယ်လို့ထင်လိုက်တာ ငါ စွင်းရွှင်ကိုတောင်သွားမေးကြည့်လိုက်သေးတယ် စွင်းရွှင်က ကုမ္ပဏီကြောင့်မဟုတ်ဘူး၊ ကိုယ်ရေးကိုယ်တာကိစ္စကြောင့်လို့သာ ထပ်ခါထပ်ခါမပြောထားရင် ငါ အင်တာနက်ပေါ်ကသတင်းတွေကို ယုံမိနေလောက်ပြီ ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now