Chapter 142

21.9K 3.3K 103
                                    

Unicode

ဇာတ်ကောင်စရိုက်ထဲ နစ်ဝင်ခြင်း
_________________________________

ကျန်းမော့ချန် သူနဲ့အတူတူ ဖိအားတွေ၊တာဝန်တွေကို ဝေမျှခွဲယူပေးနိုင်မည့် တစ်စုံတစ်ယောက်အား အမြဲတမ်းရှာဖွေနေခဲ့တာဖြစ်သည်။ သို့သော် အားကိုးရသည့် လူတစ်ယောက်ရနိုင်ဖို့ဆိုတာကလည်း လွယ်ကူသည့်အလုပ်တစ်ခုတော့မဟုတ်ပါ။ ____ နာမည်ကြီးပြီးသားအနုပညာရှင်တွေကို အသုံးချပြီး နာမည်မရသေးသည့်ပေါက်စလေးတွေကို တွဲခေါ်ခိုင်းလို့ကလည်း မဖြစ်သေးပေ။ ထိုလုပ်ရပ်က နာမည်ကြီးအနုပညာရှင်တွေအတွက် မတရားပါ။ သို့သော် ဒီနေ့ဒီအချိန်အထိ သူ့နေရာကိုဆက်ခံနိုင်မည့်လူမျိုး၊ ဆက်ခံချင်တဲ့လူမျိုး၊ အလားအလာရှိတဲ့လူသစ်လေးတွေကို လိုက်ရှာပြီး မြေတောင်မြှောက်ပေးနိုင်မည့်လူမျိုးကို ရှာဖွေချင်ခဲ့တာဖြစ်သည်။ ဒီနေ့ ယန်းချင်းချီ ဆူးချင်းကို '' မင်း ဆက်ပြီး သရုပ်ဆောင်ချင်ရင်၊ ဒီလောကထဲနေရာတစ်ခုမြဲချင်ရင် ကိုယ့်ဆီလာခဲ့ '' ဆိုသည့် စကား အားပြောသံကြားလိုက်ရသည့်အချိန် ယန်းချင်းချီဆီမှာ လူငယ်လေးကျန်းမော့ချန်ကို ပြန်မြင်လိုက်ရသည်။

သူ ယန်းချင်းချီကိုကြည့်ရင်း ' ငါရှာနေတာသူပဲ 'ဟု တွေးလိုက်မိသော်ငြား ယန်းချင်းချီနဲ့ ထိုအကြောင်းကိုမဆွေးနွေးခင်အချိန်အထိ တဖက်လူက ဆူးချင်းအရည်အချင်းကို ဖောက်ထွင်းမြင်နိုင်လို့ ပြောခဲ့ခြင်းမဟုတ်ပဲ အားနည်းသူကိုကာကွယ်ပေးဖို့၊ သူ့Fanလေး လူယုတ်မာတွေလက်ထဲကနေ  မတရားမခံရဖို့ ထိုစကားပြောလိုက်မှန်း မသိခဲ့ပေ။ ထိုအခါမှ ကျန်းမော့ချန်လည်း သူနဲ့စကားတွေပြောနေသည့် ယန်းချင်းချီကိုကြည့်ကာ ရုတ်တရက်ကြီး တစ်စုံတစ်ခုကို သတိရသွားမိတော့သည်။ သူ့ရှေ့ကကောင်လေးမှာ ၂၃နှစ်ပဲရှိသေးကာ အနုပညာလောကထဲဝင်သည့် သက်တမ်းမှာလည်း ၂နှစ်ကျော်ကျော်ပဲရှိသေးတာကြောင့် ဒီလိုမျိုးဖိအားနဲ့စိတ်ဖိစီးမှုတွေကို ယန်းချင်းချီပုခုံးပေါ် တင်မပေးရက်ပါ။

သူ့အတွက်ကတော့ ကျန်းအိမ်ရဲ့ကလေးတွေက သက်တောင့်သက်သာနေရမည့် ကံဇာတာမပါမှန်းငယ်ငယ်လေးကတည်းက သိထားတာကြောင့်  ခက်ခဲမှုတွေကိုတောင့်ခံနိုင်သော်ငြား ယန်းချင်းချီကိုတော့ သူ့လိုမပင်ပန်းစေချင်ပေ။ အထူးသဖြင့် ဘဝကို လွတ်လွတ်လပ်လပ်၊ပျော်ပျော်ပါးပါး ဖြတ်သန်းရမဲ့ ဒီလောက်ငယ်သေးတဲ့ အသက်အရွယ်လေးမှာပေါ့။ 

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now