Chapter 61

25.6K 3.6K 209
                                    

Unicode

ရွမ်ဝမ်ရွှမ်း ပါဝါတွေထုတ်ပြ၊ ယန်းချင်းချီ အေးအေးဆေးဆေး ပြန်ရိုက်ချ
__________________________________

ထိုကဲ့သို့ ရုတ်တရက်ဖိတ်ခေါ်မှုနှင့် ပတ်သက်ပြီး ယန်းချင်းချီ သင်္ကါမကင်းဖြစ်နေသည်။ သူ့ဘက်က အတွေးများနေတာကိုလည်း အပြစ်တင်လို့မရပေ။ ရွမ်ဝမ်ရွှမ်းနှင့်ကျူးလီ ဆက်ဆံရေးကောင်းတာကို အဖွဲ့သားတွေအကုန်လုံး သိပြီးသားဖြစ်သည်။ ထို့အပြင် ကျူးလီနှင့်သူက ပထမအပိုင်းရိုက်တဲ့နေ့မှာတင် ပြဿနာတက်ထားဖူးသည်။ ထို့ကြောင့် ကျူးလီသူငယ်ချင်းတစ်ယောက်အနေနဲ့ ရွမ်ဝမ်ရွှမ်းက ဒီကိစ္စကိုဂရုမစိုက်ပဲ သူ့ကိုဘာမှမဖြစ်သလိုဆက်ဆံပြီး ညလယ်စာအတူစားဖို့ဖိတ်တယ်ဆိုတာ အဓိပ္ပါယ်မရှိပေ။ သို့သော် ယန်းချင်းချီတွေးလိုက်သည်။ ဒါကညလယ်စာလေး အတူတူစားရုံပဲမဟုတ်ဘူးလား? ပြဿနာရှာတော့ရော သူကကြောက်နေမယ်တဲ့လား?

သူအပြုံးလေးဖြင့် ''ဒါဆိုလည်း သွားရအောင်လေ ''

ရွမ်ဝမ်ရွှမ်းဘက်ကလည်း ပြုံးကာ သဘောတူလိုက်သည်။ ဓာတ်လှေကားပွင့်သံ 'ဒင်' ခနဲ ကြားလိုက်ရသည့်အခါ လေးယောက်သား ဓာတ်လှေကားထဲဝင်လိုက်ကြသည်။

ညလယ်စာဆိုသည့်အတိုင်း ဟင်းပွဲအကြီးကြီးတွေမမှာပဲ မီနူးထဲမှာပြထားသည့် အရွက်ကြော်အချို့လောက်နှင့် အကင်တွေသာမှာလိုက်သည်။ ဘီယာပုလင်းဒါဇင်ကျော်လောက်မှာပြီးနောက် သောက်လိုက် စကားပြောလိုက်နှင့် လေထုကတော်တော်လေးအဆင်ပြေနေသည်။ စားပွဲထိုးလေးကလည်း အကင်းပါးတာကြောင့် စားစရာများလာချပေးပြီးသည်နှင့် အခန်းထဲကထွက်သွားပြီး တံခါးပါပြန်ပိတ်ပေးခဲ့သည်။

ယန်းချင်းချီက တိုက်ဟုန်းကျိုဘေးခုံမှာထိုင်နေကာ အစားစားရင်း ဖုန်းကြည့်နေသော ရွမ်ဝမ်ရွှမ်းနှင့် မျက်နှာချင်းဆိုင်အနေအထားမှာ ရှိသည်။

လေးယောက်သား အပြိုင်အဆိုင် စားသောက်နေကြတာ ပန်းကန်ထဲကဟင်းတွေ တစ်ဝက်လောက်သာကျန်တော့သည်။ ရွမ်ဝမ်ရွှမ်း အကင်တချို့စားနေရင်း လက်ထဲကဘီယာခွက်ကိုမြှောက်ကာ အားလုံးနဲ့ 'ကမ်းပေး' လုပ်လိုက်သည်။ ယန်းချင်းချီလည်း နည်းနည်းသောက်နေသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now