Unicode
မိဘတွေရဲ့ နားလည်ပေးနိုင်စွမ်းနှင့် ဂရုစိုက်မှု
__________________________________''မင်း မင်းဘာပြောလိုက်တာ? '' မေမေယန်းက ခဏလောက်ကြောင်အသွားကာ ပြီးမှ သူမသားက သူမကိုနောက်နေတယ်ဟု မှတ်ယူလိုက်တာကြောင့် ရယ်ရယ်ပြုံးပြုံးဖြင့် '' ကလေးရယ် လူကောင်ကြီးဖြင့်ဒီလောက်ကြီးနေပြီ မားကိုအခုထိလာနောက်နေတုန်းလား ''
သူမကပြောရင်း ကြမ်းပြင်ပေါ်ပြုတ်ကျသွားသည့် ယောက်မကြီးကိုကုန်းကောက်လိုက်သည်။
ဖေဖေယန်းကလည်း သူ့မိန်းမစကားကို ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့် လိုက်ထောက်ခံပေးနေသည်။
''ချင်းချီအာ ထမင်းကိုကုန်အောင်စား စကားကိုကုန်အောင်မပြောနဲ့တဲ့ ''
''ကျွန်တော်ပေါက်ကရတွေပြောနေတာမဟုတ်ဘူး '' ယန်းချင်းချီကလည်း သူတို့ ထိုပုံစံအတိုင်းတုံ့ပြန်လာကြမှာကို ခန့်မှန်းပြီးသားဖြစ်တာကြောင့် '' တကယ်ပြောနေတာ ကျွန်တော်တို့လည်း သိပ်မကြာခင်ကမှသိရတာ မားတို့မယုံဘူးဆို သား ဆေးစစ်ချက်မှတ်တမ်းတွေယူလာပြမယ် ''
သူထိုသို့ပြောရင်း အပြင်ထွက်ဖို့ပြင်လိုက်စဥ် မေမေယန်းက သူ့ကိုလှမ်းတားသည်။
သူမက ယန်းချင်းချီကိုကြည့်ကာ ဘာမှမပေသည့်လက်အား အေပရွန်ဖြင့် အမှုမဲ့အမှတ်မဲ့သုတ်နေပြီး
''သား ပြောတာအမှန်တွေလား ''
ယန်းချင်းချီကလည်း အဲ့ထက်မှန်တဲ့အမှန်တရားမရှိတော့ဘူး ဆိုသည့်အမူအရာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
''တကယ်နော်? '' သူမက အခုအထိမယုံနိုင်သေးပါ။
ယန်းချင်းချီလည်း သူ့အမေသူကြည့်ကာ သက်ပြင်းချလိုက်သည်။
''ထူးဆန်းတယ်မလား ကျွန်တော်လည်းထူးဆန်းတယ်လို့ထင်တယ် ဒါပေမဲ့ တကယ်ကြီးကိုယ်ဝန်ရှိနေတာ ''
''ဘာလို့လဲ '' မေမေယန်း နားမလည်နိုင်တော့ပါ။ '' သားက ယောကျ်ားလေးလေ ဘယ်လိုလုပ်ကိုယ်ဝန်ဆောင်နိုင်တာလဲ '' သူမက စဥ်းစားရင်း စဥ်းစားရင်း ပေါက်ကရတွေလျှောက်တွေးကုန်သည်။ '' မဟုတ်မှ မားမား သားကိုကိုယ်ဝန်ဆောင်တုန်းက တကယ်တမ်းဗိုက်ထဲမှာ အမြွှာလေးရှိနေတာ သားကသားအစ်မဒါမှမဟုတ်ညီမလေးနဲ့နေရာလုကြရင်း နောက်ဆုံးသားနိုင်သွားပြီး သူ့(မ)အတွင်းအင်္ဂါတွေကို သားအပိုင်ဖြစ်အောင် ဝါးမျိုလိုက်တာမျိုးလား ''

YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||
General Fictionဖန် ထွမ်စလေးရှင်း Main story