Chapter 137

22.7K 3.3K 384
                                    

Unicode

လူသစ်တွေထပ်တိုးလာတဲ့ ခိုးသွားမဲ့အဖွဲ့လေး၊ ဘော့စ်ကျန်းဆန္ဒတွေ
_________________________________

ချီချီ သူ့ဒယ်ဒီအကြံကို ခဏလောက်စဥ်းစားနေလိုက်ကာ ပြီးမှ လိုလိုချင်ချင်ခေါင်းငြိမ့်ပြလာသည်။

''အွန်း ''

ကျန်းမော့ချန် ကလေးပါးလေးကိုဆွဲညှစ်ရင်း

''ချီချီက လိမ္မာလိုက်တာ ''

ချီချီက သွားလေးတွေပေါ်သည်အထိ ချိုမြိန်စွာပြန်ပြုံးပြနေသည်။

ကျန်းမော့ချန် ချီချီရှေ့မှာပဲ မေမေကျန်းဆီဖုန်းခေါ်ပြလိုက်ကာ ယန့်ယန့်အရွယ်နဲ့ ခရီးဝေးထွက်လို့ရလားဟုမေးလိုက်သည်။

မေမေကျန်းက ပြန်မေးလာသည်။

''မင်းက ဘယ်ခေါ်သွားမလို့လဲ ''

''ချင်းချီကအခုတလော ရုပ်​ရှင်ရိုက်နေတာလေ သူ့ရိုက်ကွင်းက နှစ်ကူးမှာတောင် အိမ်ပြန်ခွင့်မပေးလို့ ကျွန်တော်က ချီချီ့ကိုခေါ်ပြီး ချင်းချီနဲ့နှစ်ကူးဖို့စီစဥ်ထားတာ ဒါပေမဲ့ ချီချီက ယန့်ယန့်ကိုပါခေါ်စေချင်နေတယ် ကလေးကငယ်သေးတော့ ခရီးဝေးထွက်လို့ရပါ့မလားဆိုပြီး မားကိုလှမ်းမေးကြည့်တာ ''

''အင်း '' မေမေကျန်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် '' ရတာကတော့ရပါတယ် ဒါပေမဲ့ မင်းက ယန့်ယန့်ကိုဂရုစိုက်နိုင်မှာတဲ့လား ဒီလိုလုပ် မားပါ မင်းတို့နဲ့လိုက်မယ် ''

''အာ မလိုပါဘူး မားလိုက်လာရင် ပါးနဲ့ကျဲကျဲက အိမ်မှာကျန်ခဲ့မှာပေါ့ ''

''သူတို့လည်း သူတို့ဘာသာသူတို့နှစ်ကူးဖြတ်သန်းပါစေလေ ငါတို့လည်းငါတို့ဘာသာငါတို့ ဖြတ်သန်းကြမယ် ''

''အဲ့လိုလုပ်တာမကောင်းဘူးထင်တယ်နော် ''

''ဘာကမကောင်းတာလဲ မင်း ယန့်ယန့်ကိုဂရုစိုက်နိုင်လား ကလေးသေးဝတ်ချေးဝတ်တွေ၊ ကလေးကဗိုက်ဆာလို့ငိုမယ်၊ အလိုမကျလို့ငိုမယ် အဲ့လိုအချိန်တွေကျ ဘာလုပ်ရမလဲသိလား တော်တော့ ငါဆုံးဖြတ်ပြီးသွားပြီ မင်းတို့သွားမဲ့အချိန်ငါ့ကိုခေါ်လိုက် ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now