Chapter 118

24.1K 3.6K 127
                                    

Unicode

To.Mr Q နာမည်ကြီးလာခြင်း၊ ဖုမင်ကျီးက ယန်းချင်းချီနဲ့တွေ့ဖို့ချိန်းတယ်
__________________________________

မကြာခင် တစ်စုံတစ်ယောက်ကပြန်ဖြေလာသည်။ : [ ငါသွားကြည့်လိုက်တာတော့ တစ်မျက်နှာ၄ကွက်နဲ့ ကလေးတွေအတွက်အထူးဆွဲပေးထားတဲ့ ပုံပြင်လေးတွေလိုပဲ ဇာတ်လမ်းလေးတွေကလည်း ရိုးရိုးရှင်းရှင်းလေးတွေ ဒါပေမဲ့ ဆွဲချက်ကလှလွန်းတော့ မသိရင်ဖုန်းထဲကနေ ခုန်ထွက်လာတော့မဲ့အတိုင်းပဲ ]

ထိုနေရာမှစပြီး အားလုံးက Mr.Qဘက်ကနေဝိုင်းပြောပေးနေကြတာကြောင့် လော့ယန့်Fanတွေကလည်းမဟန်တော့ဘူးဆိုတာကိုသိသဖြင့် အပြုံလိုက်ကြီးဝင်ငြင်းလာကြသည်။ သို့သော် ထိုကဲ့သို့commentတွေများလေ ဒီPostက Forumတွေထဲမှာအရမ်းကိုနာမည်ကြီးလာလေ ဆိုသည့်အချက်ကိုတော့ လော့ယန့်Fanတွေမသိကြပါ။ သိပ်မကြာခင် နာမည်ရှိပြီးသား Marketing Accတစ်ခုကနေ ထပ်တင်လာပြန်သည်။ : [ နာမည်မရှိတဲ့ Artistလေးက Big Shotကြီးဆီကနေ ကူးချတာလား? ပြောင်းပြန်ပဲ! Big Shotကြီးက နာမည်မရှိသေးတဲ့ Artistလေးဆီကနေ ပြန်ကူးချတာတဲ့! ] အဓိကကူးချခံထားရသည့် ယန်းချင်းချီပုံနှင့် လော့ယန့်ကူးချထားသောပုံကို အောက်တွင်ယှဥ်ပြထားကာ ယန်းချင်းချီရဲ့တခြားပုံတွေကိုလည်း Art Styleသက်သေအဖြစ် ထည့်ထားသေးသည်။

လော့ယန့်၏Fanသန်းဂဏန်းထဲမှာ Activeမဖြစ်တဲ့Fanတွေလည်းအများကြီးရှိနေတာကြောင့် လူအင်အားနည်းသဖြင့် ထိုသတင်းက သာမန်ဖြတ်လျှောက်တွေဆီယိုစိမ့်လာကာ လော့ယန့်ကိုမကြိုက်သည့် တခြားArtistတွေရဲ့Fanတွေကလည်း ဝေဖန်အပြစ်တင်လာခဲ့သည်။ [ လော့ယန့်ကအမြဲအဲ့လိုပဲကူးချနေကျမဟုတ်ဘူးလား။ လစ်ရင် နာမည်မကြီးသေးတဲ့Artistလေးရဲ့ Styleကို Fanအားနဲ့ဖိပြီး ခိုးချမယ်။ မလစ်ရင် ပညာခြင်းဖလှယ်တာပါ၊သင်ယူတာပါနဲ့ လျှောချမယ်။ အရင်ကလည်း အဲ့လိုလုပ်ဖူးတာပဲ သူ့Fanတွေကအဖြူကိုအမဲပြောပြီး ဝိုင်းဖိလိုက်ကြတာ ဟိုArtistလေးက ပုံတောင်မဆွဲရဲတော့ဘူး။ အခုတော့ လုပ်နေကျနည်းလမ်းကြီးကအသုံးမဝင်တော့ဘူးနဲ့တူပါတယ်။ ]

ယန်းချင်းချီရဲ့ Mr.Qက သုံးရက်အတွင်း လူသိများလာကာ Commentတွေဝင်မန့်ကြ၊ Reblogတွေဝင်လုပ်ကြနှင့် Fanအရေအတွက်လည်း တိုးလာသည်။ အင်တာနက်သုံးသူတော်တော်များများကလည်း သူ့ပုံလေးတွေကချစ်ဖို့ကောင်းတယ်ဟု တွေးမိသဖြင့် သူ့ကိုအားပေးကြကာ သူ့အတွက်ရန်ဝိုင်းဖြစ်ပေးကြသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now