Unicode
ပေါက်စီလုံးလေးမွေးပြီ၊ မျိုးရိုးက ကျန်းလား၊ယန်းလား
__________________________________စက်တင်ဘာလ၇ရက်နေ့မှာတော့ ကျန်းမော့ချန်နဲ့ယန်းချင်းချီတို့ကလေးလေး လောကကြီးထဲ တရားဝင်ရောက်လာခဲ့သည်။
မေ့ဆေးပြယ်သွားပြီးနောက် ယန်းချင်းချီနိုးလာခဲ့ကာ ကျန်းမော့ချန်က ဆေးရုံကုတင်ဘေးထိုင်ခုံပေါ်မှာ ယန်းချင်းချီနိုးလာမှာကို ထိုင်စောင့်နေခဲ့ပြီး တဖက်လူမျက်လုံးဖွင့်လာတာမြင်မှ နောက်ဆုံးမှာ ပြုံးနိုင်သွားလေသည်။
ယန်းချင်းချီ ပြန်ပြုံးပြလိုက်ကာ လေသံဖျော့လေးဖြင့်
''ခင်ဗျားကိုစိတ်ပူအောင်လုပ်မိပြီ ''
ကျန်းမော့ချန် ကိုယ်ကိုကိုင်းညွှတ်ကာ ယန်းချင်းချီနဖူးကိုခပ်ဖွဖွနမ်းရင်း ကူကယ်ရာမဲ့စွာပြောလာသည်။
''မင်းဘာလို့ ကိုယ့်စကားတွေကိုခိုးသွားပြန်တာလဲ မင်းမေ့နေတဲ့အတောအတွင်း ကိုယ်ဘယ်လောက်စိတ်ပူခဲ့ရတယ် မင်းနိုးလာဖို့ဘယ်လိုခက်ခက်ခဲခဲ စောင့်နေခဲ့ရတယ်ဆိုတာတွေကိုတောင် မပြောပြရသေးတာကို ''
''ဒါဆို အခုပြောပြလေ '' ယန်းချင်းချီကလည်း တဖက်လူစိတ်တိုင်းကျ ပူးပေါင်းပေးလာသည်။
ကျန်းမော့ချန် အပြုံးလေးဖြင့်
''ပင်ပန်းသွားပြီ ''
ယန်းချင်းချီကလည်း ပြန်စနေသည်။
''တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်ဖို့အသင့်! ''
အခုလိုစနောက်နေနိုင်တာကိုမြင်လိုက်ရတော့ ကျန်းမော့ချန်စိတ်အေးသွားကာ ယန်းချင်းချီလက်ကိုလှမ်းကိုင်ရင်း ဖွဖွလေးဆုပ်ထားလိုက်သည်။
''ကိုယ်တို့ကလေးလေးက ယောကျ်ားလေး သိလား ကျန်းကျန်းမာမာနဲ့မွေးလာတယ် အခုကိုယ်တို့မိဘတွေသွားကြည့်နေကြတယ် ကိုယ် ကလေးနာမည်ကို စဥ်းစားထားတာတော့ကြာပြီ ဒါပေမဲ့မင်းကိုမပြောပြရသေးဘူး ယန်းကျီးရှူးတဲ့ နားထောင်လို့မကောင်းဘူးလား မင်းမျိုးရိုးနာမည်နဲ့ ချီချီ့လိုပဲ 'ကျီး'တော့ထည့်ပေးရမယ် ရှူးက ချင်ချီရှူးဟွာ့က ရှူး ''

YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||
General Fictionဖန် ထွမ်စလေးရှင်း Main story