Chapter 37

28.7K 3.8K 43
                                    

Unicode

သူရဲကောင်းက အလှလေးကိုကယ်တင်မယ်
__________________________________

ကျန်းမော့ချန်နှင့် လျောင်စစ်ပေါ်ထွက်သွားသည်မှာ နာရီဝက်လောက်သာကြာကာ ပြန်ရောက်လာတော့ သူတို့နှစ်ယောက်လုံး လျောင်စစ်ပေါ်ကို နေ့လည်စာဧည့်ခံရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သူ ကျန်းမော့ချန်နဲ့အတူ ရိုက်ကွင်းကနေ ထွက်လာပြီး စားသောက်ဆိုင်ဆီ သွားစဥ်တစ်လျှောက်လုံး သူ့ခေါင်းထဲ မေးခွန်းတစ်ခုကသာ စိုးမိုးထားသည်။

'ငါက ဘာလို့ သူ့ကို နေ့လည်စာဖိတ်ကျွေးရမှာလဲ အရင်တစ်ခေါက်ကအတိုင်းသာဆို သူက ငါ့ကိုဖိတ်ကျွေးရမဲ့လူမဟုတ်ဘူးလား ''

ကားပေါ်ကဆင်းပြီး စားသောက်ဆိုင်ထဲဝင်သွားသည်အထိ သူ့ခဗျာ အဖြေမရှာနိုင်သေးပေ။ သူ သူ့ဘာသာသူပဲ ဖြေသိမ့်လိုက်ရသည်။

'ကိစ္စတွေက ဒီလိုဖြစ်လာမှတော့ လက်ခံရတော့မှာပေါ့ ကျန်းမော့ချန်ကိုယ်တိုင်ကိုက ငါတို့ လျောင်စစ်ပေါ်ကို နေ့လည်စာဖိတ်ကျွေးရမယ်လို့ ပြောလာမှတော့ ဖိတ်ကျွေးရုံပဲ ရှိတော့တာပေါ့ ''

ယန်းချင်းချီ ကျန်းမော့ချန်ဘေးဝင်ထိုင်လိုက်ကာ သူ့ဘေးကလူ စားစရာများမှာနေသည်ကို ကြည့်နေလိုက်သည်။ ပျင်းလာသော ယန်းချင်းချီမှာ ဖုန်းကိုထုတ်ကာ 'ဘာတွေဖြစ်နေတာလဲ'ဟု ကျန်းမော့ချန်ဆီစာပို့ဖို့ ကြံရုံရှိသေး သူ့အရှေ့က ခုံရွှေ့လိုက်လို့ ကြမ်းပြင်ကိုပွတ်တိုက်သွားသည့် အသံအကျယ်ကြီးထွက်လာသည်။ ထိုအသံကြောင့် မော့ကြည့်လိုက်တော့ လျောင်စစ်ပေါ်က လက်ဖက်ရည်ခွက်ကိုကိုင်ကာ မတ်တပ်ထရပ်လိုက်သည်ကို တွေ့ရသည်။ ဘာလဲဟ?

ထိုသို့တွေးမိစဥ် လျောင်စစ်ပေါ်ကစပြောလာခဲ့သည်။

''အရင်တခေါက်က ငါမှားတာပါ အဲ့လိုမျိုးတွေမလုပ်ခဲ့သင့်ဘူး မင်းကိုအဲ့လိုပုံစံမျိုး မဆက်​ဆံသင့်ဘူး ဒီနေ့ ဒီလက်ဖက်ရည်ကို အရက်*လို့မှတ်ယူပြီး ငါ မင်းကို တကယ့်စိတ်ရင်းနဲ့တောင်းပန်ပါတယ် ငါ့ကိုခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ် ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now