Chapter 153

23.4K 3.3K 127
                                    

Unicode

ဘော့စ်ကျန်းနဲ့ ချင်းချီတို့ရဲ့ စွန့်စားခန်းလေးစတင်ပြီ
________________________________

ကျန်းမော့ချန်နဲ့ ယန်းချင်းချီ S လေဆိပ်ကိုရောက်တဲ့အချိန် သူ့တို့ထက်စောရောက်နေသည့် လီပေါ်ကျုံး လီမော့တို့နဲ့သွားဆုံသည်။ လီပေါ်ကျုံးက အသက်၅၀နီးပါးရှိနေပြီဖြစ်ကာ လီမော့ကတော့ ပထမနှစ်တက္ကသိုလ်ကျောင်းသူဖြစ်တာကြောင့် ၁၉နှစ်ပဲရှိသေးသည်။ သူမက luggageကိုခွထိုင်နေရင်း သူမအဖေသြဝါဒခြွေတာကို ခေါင်းတငြိမ့်ငြိမ့်ဖြင့်နားထောင်နေရသည်။

''ရိုက်ကူးရေးလုပ်ရင် သခင်မလေးစိတ်ဓာတ်နဲ့ နေလို့မရဘူးနော် အားအားနေစိတ်ဆိုးဒေါသဖြစ်ဖို့ပဲ ချောင်းမနေနဲ့ လူတိုင်းနဲ့တည့်အောင်ပေါင်းရမယ် ယဥ်ယဥ်ကျေးကျေးဆက်ဆံရမယ် နားလည်လား ''

လီမော့က ထိုစကားများကို အကြိမ်၈၀၀လောက် ထပ်ခါထပ်ခါကြားပြီးပြီဖြစ်တာကြောင့် ပြီးစလွယ် '' အင်းပါ အင်းပါ '' ဟုပြန်ဖြေရင်း ခေါင်းငြိမ့်ပြလိုက်သည်။ လီပေါ်ကျုံးတစ်ယောက် သူ့သမီးရဲ့ပြီးစလွယ်အမူအရာကိုမြင်တော့ စိတ်အေးသွားရမည့်အစား ပိုတောင်စိတ်ပူလာသည်။ ဒီအသက်အရွယ်ကြီးရောက်မှ ဘာလို့ Variety Showဝင်ရိုက်ရလဲ? ကျိန်းသေပေါက် သူ့သမီးလေးကို မြေတောင်မြှောက်ပေးချင်လို့ပေါ့။ ဒီShowကနေတစ်ဆင့် လီမော့ကို လူသိများလာအောင် Fanလေးတွေရလာအောင် သူ့သမီးကင်မရာနဲ့မစိမ်းသက်အောင် ဒုက္ခလာခံပေးခြင်းဖြစ်သည်။ မဟုတ်လျှင် သာမန်အနားယူထားတဲ့အန်ကယ်ကြီးတွေလို ငှက်လေးမွေးလိုက်၊ခွေးလေးအစာကျွေးလိုက်နဲ့ပဲ အငြိမ်းစားဘဝကိုအေးအေးလူလူဖြတ်သန်းနေမှာဖြစ်သည်။

လီမော့ Luggageပေါ်ထိုင်နေရင်း ဟိုဟိုဒီဒီလှည့်ကြည့်လိုက်တော့ ယန်းချင်းချီနဲ့ကျန်းမော့ချန် သူတို့ဘက်လျှောက်လာတာကိုမြင်လိုက်ရသည်။ သူမ Luggage ပေါ်ကနေချက်ချင်းကောက်ထလိုက်ကာ ဆံပင်တွေဘာတွေသပ်၊ အင်္ကျီတွေဘာတွေပြင်ပြီး လက်မြှောက်နှုတ်ဆက်လိုက်လေသည်။

''Hi ညီမက လီမော့ ဒါကညီမအဖေ လီပေါ်ကျုံး ညီမတို့က အစ်ကိုတို့နဲ့အတူတူ 《 အကောင်းဆုံးပါတနာ 》တွဲရိုက်ရမှာ အစ်ကိုတို့ နိဟောင်အာ ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now