Chapter 24

30.2K 4.1K 139
                                    

Unicode

အနမ်း
__________________________________

ကျန်းမော့ချန်က သူ့ရဲ့နောက်ရိုက်မဲ့ဇာတ်ကားအတွက် ဒါရိုက်တာနဲ့စကားပြောနေတုန်း ယန်းချင်းချီအခန်းထဲဝင်လာတာကို သူတွေ့လိုက်ရသည်။ သူပြောလက်စကိုအမြန်ဖြတ်လိုက်ကာ ဖုန်းချလိုက်ပြီး

''ချီချီအိပ်ပြီလား ''

''အွန်း သူ ကျွန်တော့်ကို မနက်အစောကြီးလာနှိုးဖို့ပြောထားတယ် မနက်ဖြန်ကျ အိပ်ယာထနောက်ကျမှာကို သူစိုးရိမ်နေတာ ''

ကျန်းမော့ချန် ထိုစကားကြောင့် ပြုံးသွားကာ

''သူအဲ့လောက်သဘောကျရင် နောက်ကျ ကိုယ်တို့အားတိုင်း သူ့ကိုခဏခဏခေါ်သွားပေးရမယ် ''

ယန်းချင်းချီ ဘီဒိုထဲက ညအိပ်ဝတ်စုံကိုထုတ်လိုက်ကာ ကျန်းမော့ကိုပြန်လှည့်ကြည့်လာခဲ့သည်။

''ခင်ဗျားက? အချိန်ရှိရင်? ခဏခဏခေါ်သွားမယ်? ''

သူရယ်လိုက်ရင်း

''ခင်ဗျားလောက်အလုပ်အရမ်းများတဲ့လူဆီမှာ ဘယ်လိုလုပ် အချိန်ပိုတွေရှိမှာလဲ ပြောမှပဲ ခင်ဗျားအခုတလော အားနေသလိုပဲ ရုပ်ရှင်ရိုက်စရာမရှိဘူးလား ''

''အခုတလော ခဏနားနေတာ ကြော်ငြာရိုက်တာတို့ မဂ္ဂဇင်းတွေအတွက် မျက်နှာဖုံးဓာတ်ပုံရိုက်ပေးတာတို့လောက်ပဲရှိမှာ လက်ခံထားတဲ့ရုပ်ရှင်အသစ်က နောက်လမှစရိုက်မှာ မင်းရော? အခုထိ ရှင်းယွဲ့နဲ့ စာချုပ်မဖျက်သိမ်းရသေးဘူးလား ''

''ကျွန်တော် လုပ်ထုံးလုပ်နည်းတွေအတိုင်းလုပ်ဖို့ လီကျန်းပြန်လာမှာကိုစောင့်နေတာ လျော်ကြေးပေးပြီးရင် ကျွန်တော် လွတ်လပ်ပြီ ''

''မင်းပိုက်ဆံ ဘယ်လောက်လိုလဲ နန်ချန်ကမင်းအတွက်ပေးလိမ့်မယ် ''

ယန်းချင်းချီစဥ်းစားလိုက်သည်။ သူက အခုနန်ချန်နဲ့ လက်တွဲရတော့မှာဆိုတော့ သူ့လျော်ကြေးငွေကို သူ့အစား နန်ချန်ကပေးတာလည်း အခွင့်အရေးယူတယ်လို့ သတ်မှတ်လို့မရဘူး ထင်တာပဲ။ သူပမာဏအား လက်ထောင်ပြလိုက်သည်။

ကျန်းမော့ချန် ပမာဏကိုတွေ့တော့ ရယ်လိုက်ကာ

''အဲ့လောက်ပဲလား ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now