Chapter 175

21.1K 2.8K 464
                                    

Unicode

ကျန်းမော့ချန် : အရမ်းအရသာရှိပါတယ်
__________________________________

ယန်းချင်းချီ ခပ်တိုးတိုးရယ်လိုက်ကာ '' ဒါဆိုရင်တော့ ကျွန်တော် ခင်ဗျားကို ကတိပေးပါတယ် '' သူဆက်ပြောလာသည်။ '' အမှန်အတိုင်းပြောရရင် ကျွန်တော်က သူများအားထုတ်ထားတဲ့ အသီးအပွင့်ကို ခူးခပ်စားရတာမျိုးမကြိုက်ဘူး အရာရာတိုင်းကို ကိုယ့်လက်ကိုယ့်ခြေနဲ့ပဲလုပ်ချင်တယ် ကောင်းကောင်းဆိုးဆိုး နိုင်နိုင်ရှုံးရှုံး ကျွန်တော့်ဘာသာကျွန်တော်ပဲ ခံစားမယ် အဲ့လိုလူမျိုး ဒါပေမဲ့ ကျွန်တော့်ရဲ့စံနှုန်းတွေထက် ခင်ဗျားကပိုပြီးအရေးကြီးတယ် အဲ့ဒါကြောင့် ခင်ဗျားအတွက် သီးသန့် ပြောင်းလဲပေးချင်တဲ့ဆန္ဒရှိတယ် ခင်ဗျားကိုအဖော်ပြုပေးပြီး ကောင်းကောင်းဆိုးဆိုး အတူတူဝေမျှချင်တယ် ဘာတွေပဲဖြစ်လာဖြစ်လာ ခင်ဗျားအနားမှာရှိပေးချင်တယ် ''

ကျန်းမော့ချန် ယန်းချင်းချီနဲ့ နဖူးချင်းထိစပ်လိုက်ကာ

'' ဒါဆိုရင်တော့ ကျေးဇူးအများကြီးတင်ပါတယ် ကျန်းဖူးရန် ဒါပေမဲ့... '' သူတိုးတိုးလေးပြောလာသည်။ '' တစ်နေ့မှာ မင်းလုပ်ချင်တဲ့ ကိုယ်ပိုင်လုပ်ငန်းတွေရှိလာခဲ့ရင် ကိုယ့်ကိုအချိန်မရွေးပြောပြလို့ရတယ် ကိုယ် မင်းကို နန်ချန်နဲ့ပဲ ခြေချုပ်မမိစေချင်ဘူး မင်းကြိုက်တာမှန်သမျှ လုပ်ခွင့်ရှိတယ် ''

ယန်းချင်းချီ ထိုစကားကြားကြားချင်း ပြုံးမိသွားသည်။

'' ဒါဆိုရင်တော့ ကျွန်တော်လုပ်ချင်တဲ့အလုပ်က အရမ်းကိုရိုးရှင်းတယ် ရုပ်ရှင်တွေရိုက်တာနဲ့ ဆုတွေလိုချင်တဲ့အပြင်ကို ပုံလည်းကောင်းကောင်းဆွဲချင်သေးတယ် ကျွန်တော် ချီချီ့အတွက် ပုံဆွဲပေးမယ် ချီချီအရွယ်ရောက်လာပြီး ကျွန်တော့်ပုံပြင်တွေဖတ်ဖို့အထိ မလိုလောက်တော့တဲ့အရွယ်ရောက်ရင် ယန့်ယန့်အတွက် ထပ်ဆွဲပေးမယ် ယန့်ယန့် အရွယ်ရောက်လာရင်တော့ ကျွန်တော့်ကလောင်လည်းသိမ်းလိုက်တော့မယ် အဲ့အချိန်မတိုင်ခင်ထိတော့ ခင်ဗျားကိုလည်းကူညီနိုင်၊ ပုံလည်းဆွဲနိုင်ပါစေလို့တော့ မျှော်လင့်မိပါတယ် ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now