Chapter 97

26.3K 3.7K 302
                                    

Unicode

ယန်းချင်းချီ အခုတလော နေလို့ထိုင်လို့မကောင်းဘူး
__________________________________

ယန်းချင်းချီ အခုရက်ပိုင်း သက်တောင့်သက်သာမရှိသလို ခံစားနေရသည်။ ထိုကဲ့သို့ မအီမသာခံစားချက်ကြီးမှာ စိတ်ကဖြစ်လာသည့် စိတ်ဆင်းရဲခြင်းမျိုးမဟုတ်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ချီချီကလည်းလိမ္မာသိတတ်သည့်အပြင် ကျန်းမော့ချန်ကလည်း သူ့ကို ချစ်ခင်အလိုလိုက်ထားတာကြောင့် သူ့မှာစိတ်ညစ်ရမည့်ကိစ္စ ကြီးကြီးမားမားမရှိပါ။ ထိုကဲ့သို့ နေမထိထိုင်မသာဖြစ်နေသည့် ခံစားချက်ကြီးက ခန္ဓာကိုယ်နှင့်သက်ဆိုင်သည်။

အရင်လအထိရုပ်ရှင်တွေရိုက်ခဲ့ရတာကြောင့် သူ့မှာလေ့ကျင့်ခန်းပုံမှန်လုပ်ချိန်မရှိခဲ့ပေ။ ထိုအကြောင်းကြောင့်များ ကိုယ်လက်မအီမသာဖြစ်နေတာများလား။ သူ သေချာမသိသော်ငြား အခုတလောခန္ဓာကိုယ်ကြီးက နုန်းနေကာ အရင်ကထက်လည်း ပိုအိပ်ချင်နေသည်။ ပိုပြီးထူးဆန်းလာသည်က အစားအသောက်တွေပါ ချေးများလာခြင်းပေ။ အခုတလောကြက်စွပ်ပြုတ်စားမယ်ကြံတိုင်း ညှီစို့စို့အနံ့ကြီးရကာ ပျို့အန်ချင်လာပြီး အန်တီကျန့်လုပ်ပေးသည့် ငါးချဥ်စပ်ပေါင်းဟင်းကိုတော့ အရသာတွေ့နေသည်။ သုံးရက်ဆက်တိုက် ကျန်းအိမ်ရဲ့Menuများမှာ ငါးချဥ်စပ်ပေါင်း၊ အမဲသားချဥ်စပ်စွပ်ပြုတ်နှင့် ချဥ်စပ်ခေါက်ဆွဲတို့သာ ဖြစ်နေခဲ့သည်။

ကျန်းမော့ချန်က သူ့ကို ဒီညဘာစားချင်လဲဟု မေးလာသည့်အခါ သူ့ခေါင်းထဲပေါ်လာသည်က ပူပူစပ်စပ် ___ နေပါဦး၊ သူဘာလို့ အချဥ်အစပ်တွေကြိုက်လာရတာလဲ???

ဒီပုံစံအတိုင်းဆက်သွားလို့မဖြစ်တော့ဘူးဟု ယန်းချင်းချီတွေးလိုက်မိသည်။ တနေ့သုံးနပ်လုံး သူစားချင်တာတွေက အချဥ်အစပ်ဟင်းလျာတွေဖြစ်နေတာကြောင့် ချီချီနဲ့ကျန်းမော့ချန်ကလည်း သူ့အတိုင်းလိုက်စားရသည်။ ချီချီကလိမ္မာသိတတ်သည့် ကလေးလေးဖြစ်တာကြောင့် ဘာမှမပြောသော်ငြား သာမန်ကလေးသာဆို ဒါကြီးမစားချင်ဘူးဟုအော်ကာ အာပြဲကြီးနဲ့ငိုနေလောက်ပြီဖြစ်သည်။ သို့သော် ချီချီကတော့ဟင်းချေးမများပဲ ငြိမ်ငြိမ်သက်သက်လေးသာစားတတ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကြီးပဲနေ့တိုင်းဆက်စားနေလို့မဖြစ်ပါ။ ထို့အပြင် ချီချီက ဖွံ့ဖြိုးဆဲကာလဖြစ်တာကြောင့် ကျန်းမာပြီးအာဟာရပြည့်ဝသည့် အစားအစာမျိုးစုံကို စုံလင်ညီမျှစွာစားပေးမှဖြစ်မည်။ ဘယ်လိုလုပ် ကလေးကို နေ့တိုင်းကြီး အချဥ်အစပ်တွေစားခိုင်းလို့ဖြစ်ပါ့မလဲ။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now