Chapter 88

29.3K 3.9K 550
                                    

Unicode

သူက အချစ်ရဲ့အကောင်းဆုံးပြယုဂ်
_________________________________

ထိုအချိန်မှာ အရာအားလုံးကတိတ်ဆိတ်သွားသည်ဟုသာ ခံစားလိုက်ရသည်။

မီးတိုင်အောက်မှာ သူ့ကို အပြုံးလေးဖြင့် ရပ်ကြည့်နေသော ယန်းချင်းချီအား တစ်စက္ကန့်မလပ်ငေးကြည့်နေခဲ့သည်။

ယန်းချင်းချီက အဖြူရောင်ဟူဒီဖြင့် အမဲရောင်ဂျင်းဘောင်းဘီကိုဝတ်ဆင်ထားကာ ဝါဖျော့ဖျော့လမ်းမီးရောင်က တဖက်လူ၏ချောမောလှပသည့် ပုံပန်းသွင်ပြင်ကိုရုပ်လုံးကြွစေသည်။ မသိလျှင် သေချာဂရုတစိုက်ရေးဆွဲထားသည့် ဆီဆေးပန်းချီကားချပ်တစ်ချပ်လိုမျိုး......

မြင်ရသူကို နှလုံးခုန်နှုန်းမြန်စေသည်။

ကျန်းမော့ချန် အကြည့်မလွှဲပဲ ယန်းချင်းချီဆီတစ်လှမ်းချင်းလျှောက်လာလိုက်သည်။

အခုအချိန်မှာ သူ့ရင်ဘတ်ကြီးက တဒုန်းဒုန်းခုန်ဆောင့်နေကာ ထိုရင်ခုန်သံများက သူ့နားထဲနေရာအကြားအလပ်မရှိတိုးဝင်လာခဲ့သည်။ တစ်ကိုယ်လုံးက စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် မသိမသာတုန်ယင်နေပြီး ရင်ထဲလှိုက်လှိုက်တက်လာသည့် ခံစားချက်လှိုင်းတံပိုးများကို အတင်းဖိနှိပ်ချုပ်တည်းထားရသည်။ သို့သော် ချုပ်တည်းထားတဲ့ကြားထဲကနေ လွတ်ထွက်သွားသည့်ခံစားချက်တစ်ချို့ကတော့ သူ့နှလုံးသားဆီ ထောင့်ပေါင်းစုံကနေပြေးဝင်လာကာ ပြင်းပြင်းထန်ထန်ရိုက်ထုနေကြဆဲပင်။ အခုလိုခံစားချက်မျိုးကို အရင်ကတစ်ခါမှမကြုံဖူး၊မခံစားဖူးခဲ့ပေ။ ငြိမ်သက်သည်ဟုထင်ရသော်ငြား တကယ်တမ်းမှာ ဆူညံပွက်လောရိုက်နေသည်။ အရှိန်ပြင်းပြင်းစီးဆင်းနေသည့် ကွယ်ဝှက်ထားသောမြစ်တစ်စင်းလိုမျိုး၊ ချောမွေ့သည်ဟုထင်ရသော်ငြား ဆင်းကြည့်မှရင်ခုန်စိတ်လှုပ်ရှားရသည့် ကုန်းဆင်းတစ်ခုလိုမျိုး၊ ငြိမ်သက်နေသည့်ဒီရေလှိုင်းတံပိုးတွေက ကျောက်ဆောင်ကိုရိုက်ခတ်ပြီး ထွက်လာသည့် နားမခံသာစရာ အသံကျယ်ကြီးလိုမျိုး၊ တိတ်ဆိတ်သည်။ သို့သော် တချိန်ထဲမှာပဲ ဆူညံနေသည်။

သူ ယန်းချင်းချီရှေ့ရောက်တော့ တဖက်လူကသူ့ကိုအပြုံးလေးဖြင့်ကြည့်ရင်း မေးလာခဲ့သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now