Unicode
ချိုမြိန်တဲ့ ချန်ချီအတွဲ၊ မော့ကျန့်ယင်း တောင်းပန်လာပြီ
_________________________________ယန်းချင်းချီ ကျန်းမော့ချန်ကို ဖက်ထားရင်း သူတို့ဒီလိုပုံစံနဲ့ တံခါးပေါက်နားမှာ အချိန်အကြာကြီး ရပ်နေမိတာကို သတိထားမိသွားမှ တဖက်လူကို ဆိုဖာပေါ်မှာထိုင်ဖို့ ဆွဲခေါ်လာလိုက်သည်။
''ခင်ဗျား ညစာစားပြီးသွားပြီလား '' ယန်းချင်းချီမေးလာသည်။ '' မစားရသေးရင် တစ်ခုခုစားရအောင်လေ ''
ကျန်းမော့ချန်တကယ်လည်း ဘာမှမစားရသေးပါ။ သူ ယန်းချင်းချီကို တွေ့ချင်ဇောနဲ့ မြန်နိုင်သမျှ မြန်မြန်မောင်းလာခဲ့ကာ ဒီမြို့ထဲရောက်တော့လည်း တစ်ခုခုစားထားဖို့မစဥ်းစားမိပဲ ယန်းချင်းချီအခန်းထဲ ဝင်ပြီးစောင့်နေဖို့ကိုသာ စိတ်လောနေခဲ့သည်။ ထို့ကြောင့် သူ ခေါင်းငြိမ့်ပြလိုက်ကာ
''ကောင်းပြီလေ ကိုယ်တို့ အတူတူစားကြတာပေါ့ ''
''အင်း '' ယန်းချင်းချီ ဟိုတယ်စားသောက်ဆိုင်ကနေပဲ ဟင်းအချို့လှမ်းမှာလိုက်ကာ ဝိတ်တာလေးလာပို့မှာကို ထိုင်စောင့်နေလိုက်သည်။
ကျန်းမော့ချန်မေးလာသည်။
''မော့ကျန့်ယင်း အထုတ်ခံလိုက်ရတာလား ''
''အင်း ဒါရိုက်တာဖုသိသွားတယ်လေ သူ့ရိုက်ကွင်းထဲမှာ ဒီလိုတွေဖြစ်နေတာကိုလက်မခံနိုင်ဘူးတဲ့ အဲ့ဒါကြောင့် မော့ကျန့်ယင်းကိုထုတ်ပစ်လိုက်တာ ''
''သူ့ဇာတ်ကောင်အတွက်ကျတော့ရော? ''
''တစ်ခန်းပဲရိုက်စရာကျန်တော့တာပါ အဲ့ဒါကတော့ ကျွန်တော်တစ်ယောက်တည်းရိုက်ရမဲ့ တစ်ကိုယ်တော်ဓားရေးပြခန်းအဖြစ် ပြောင်းပစ်လိုက်ပြီ အရင်ရိုက်ထားတဲ့အပိုင်းတွေကတော့ ဒီတိုင်းပဲဆက်သုံးဖြစ်လိမ့်မယ် ဘယ်လိုပဲဖြစ်ဖြစ်လေ ပြန်ပြင်ရိုက်ရမှာတွေက အများကြီး အဲ့ဒါက ပိုပြီးအလုပ်ရှုပ်တယ်မလား ပြီးတော့ တချို့အခန်းတွေဆို အရမ်းကောင်းအောင်သရုပ်ဆောင်ထားတာ အဲ့ဒါတွေပြန်ရိုက်လို့ အရင်ကMoodကိုပြန်မရှာနိုင်ရင် ရိုက်ထားပြီးသားအပိုင်းလောက်မကောင်းတော့မှာကို ဒါရိုက်တာဖုကစိတ်ပူနေတယ် အဲ့အချိန်ကျ ဇာတ်ကားအတွက်ရော ကျွန်တော့်အတွက်ရော မကောင်းနိုင်ဘူးလေ ''

YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||
General Fictionဖန် ထွမ်စလေးရှင်း Main story