Chapter 172

19.7K 2.7K 230
                                    

Unicode

ကျန်းမော့ချန် : ဒီတစ်ခေါက် တကယ်ကြီး ကာပယ်လ်ဝတ်မှာ
__________________________________

ချီချီ့မွေးနေ့ပွဲကို မိသားစုလေးယောက် အတူတူဖြတ်သန်းပြီးသွားသည့်အခါ ကျန်းမော့ချန်နဲ့ ယန်းချင်းချီတို့ရဲ့ သုံးရက်နားခွင့်ကလည်းပြည့်သွားပြီဖြစ်ကာ ဒုတိယအပိုင်းရိုက်ကူးရေးလုပ်ဖို့ ပြင်ဆင်ရတော့သည်။ ချီချီကအခုလေးတင်မှ မွေးနေ့ပွဲလုပ်ပြီးခါစဖြစ်တဲ့အတွက် အလွန်အမင်းတက်ကြွနေပြီး ယန်းချင်းချီတို့နဲ့ ထပ်ခွဲခွာရဦးမယ်ဆိုတာကိုသိလိုက်ရတော့ သူ့ခင်ဗျာ အတင်းပူးကပ်ကာ မခွဲနိုင်မခွာရက်ဖြစ်နေပြန်သည်။ ယန်းချင်းချီ ချီချီ့ကိုဖက်ထားကာ တရှုံ့ရှုံ့နမ်းရင်း သူတို့ကို နောက်ဆယ်ရက်နေပြန်လာမည်ဟုချော့မြူပြီး ထားခဲ့ရသည်။ ချီချီလေးကတော့ မတူချင့်တူချင်ဖြင့် သဘောတူလိုက်ရကာ ပြက္ခဒိန်လေးအပြေးသွားသွားကြည့်ပြီး သူတို့ပြန်လာမည့်ရက်ကို လက်ချိုးရေတွက်နေသည်။

မေမေကျန်းက သူမမြေး စိတ်ပြောင်းစိတ်လွှဲဖြစ်သွားအောင် ယန့်ယန့်ကိုအသုံးချပြီးချော့မြူသည်။

ချီချီကလည်း သူ့ညီလေးတွေ့တာနဲ့ နှစ်ခါတောင်မခေါ်လိုက်ရပါ။ ညီအစ်ကိုနှစ်ယောက် တစ်နေ့တစ်မျိုးမရိုးရအောင် ဆော့လိုက်ကြသည်မှာ ၁၀ရက်ဆိုသည့်အချိန်အတိုင်းအတာက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ ယန်းချင်းချီနဲ့ ကျန်းမော့ချန်ပြန်ရောက်လာတော့ သူတို့မထွက်သွားခင် သူတို့ကို မခွဲနိုင်မခွာရက်ဖြစ်နေသည့် သားအကြီးကောင်မှာ အခုတော့ သူတို့ကိုအမေ့ကြီးမေ့နေကာ သားအငယ်ကောင်နှင့် ပျော်ပျော်ရွှင်ရွှင်ဆော့နေတာကိုမြင်လိုက်ရသည်။ တစ်ယောက်က ရှေ့ကနေထွက်ပြေးနေပြီး နောက်တစ်ယောက်ကလည်း လက်ပုတို၊ ခြေပုတိုလေးတွေဖြင့် လေးဘက်ထောက်သွားပြီး ရအောင်လိုက်ဖမ်းနေသည်။ နှစ်ယောက်သား ဘယ်လောက်အထိအူမြူးနေကြသလိုဆို မျက်စိလေးတွေတောင်ရှာမရတော့ပေ။

(T/N: ရယ်လွန်းလို့မျက်လုံးပေါက်တောင်ရှာမတွေ့တော့တာ အဲ့လိုမျိုး )

သူတို့ပြန်လာတာကိုမြင်တာနဲ့ ချီချီ ယန်းချင်းချီရင်ခွင်ထဲ လှစ်ခနဲပြေးဝင်သွားကာ ယန့်ယန့်တယောက် သူ့အစ်ကိုနောက် လေးဘက်ထောက်လိုက်လာရင်း ကော်ဇောပေါ်ထိုင်ပြီး သူ့ကိုဘယ်သူကောက်ချီမလဲ ထိုင်စောင့်နေရှာသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now