Chapter 44

30.7K 4.1K 388
                                    

Unicode

ကျန်းမော့ချန် သကြားလုံးနဲ့ လာချော့တယ်
__________________________________

ယန်းချင်းချီ အတော်လေး အံ့သြသွားရသည်။ သူ အိပ်ယာထဲကနေထွက်ကာ အခန်းတံခါးဆီလျှောက်သွားလိုက်သည်။ တံခါးကိုဖွင့်လိုက်ချိန် ကျန်းမော့ချန် သူ့အခန်းရှေ့ တကယ်ကြီး ရပ်နေသည်ကို မြင်ရလေသည်။

ယန်းချင်းချီ ခန္ဓာကိုယ်ကို ဘေးကပ်လိုက်တော့ ကျန်းမော့ချန်အထဲကို ဝင်လာသည်။

''အာ ခင်ဗျား တကယ်ကြီး လာတယ်? '' သူ သဘောမတွေ့သလို မေးလိုက်သည်။

ကျန်းမော့ချန် ထိုလေသံကိုကြားတော့ ပိုပိုပြီး စိတ်မသက်မသာဖြစ်လာရကာ

'' မင်းရဲ့မနှစ်မြို့သံကြီးက အပြင်ကိုတောင် လျှံကျနေပြီ ''

''အိုး အဲ့လောက်တောင်သိသာသွားလား နောက်တစ်ခေါက်ကျ သတိထားလိုက်ပါ့မယ် ''

ကျန်းမော့ချန် သက်ပြင်းချလိုက်သည်။

''ယန်းချင်းချီ ကိုယ်မင်းနဲ့ စကားအကောင်းပြောဖို့လာတာ ''

ယန်းချင်းချီ နံရံကိုမှီလိုက်ရင်း ''ပြော ''

''ဒီနေ့ ယွမ်မင်ရွှိနဲ့ သွားတွေ့မိတာကြောင့်ရော မင်းကိုလှည့်စားဖို့ လိမ်မိတာကြောင့်ရော ကိုယ်တောင်းပန်ပါတယ် အားလုံးကိုယ့်အမှားပါ ဒါပေမဲ့ ယွမ်မင်ရွှိဘက်က ကိုယ့်ကို mentionခေါ်ပြီး postတင်တာတွေ၊ ရေတပ်ဝယ်ပြီး Hot Searchထဲရောက်သွားတာတွေ အဲ့ဒါတွေက ကိုယ်နဲ့ဘာမှမဆိုင်ဘူး ကိုယ်တနေ့လုံး Weiboမကြည့်ဖြစ်တော့ ဘာတွေဖြစ်နေမှန်းမသိလိုက်ဘူး သူများပြောမှ သိရတာ ကိုယ့်မန်နေဂျာကို အားလုံးဖျက်ခိုင်းပေမဲ့ နောက်ကျသွားတယ် ကိုယ့်မှာ မင်းစိတ်မချမ်းသာအောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး တကယ်လို့ ကိုယ်သာသူနဲ့ပူးပေါင်းချင်ရင် သူ mentionထားတာကို commentဝင်ရေးတာတို့ Postပြန်တင်တာတို့ လုပ်မှာပေါ့ အခုလိုသူတစ်ယောက်ထဲ သရုပ်ဆောင်နေတာကို ရပ်ကြည့်နေမှာမဟုတ်ဘူး ''

ယန်းချင်းချီ ရယ်လိုက်ကာ ''ပြောလို့ကုန်ပြီလား ''

''ကိုယ်နဲ့ ယွမ်မင်ရွှိရဲ့ အတိတ်ကို မင်းသိပြီးပြီမလား ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now