Chapter 78

27.3K 3.8K 623
                                    

Unicode

ကျိုးရီရှင်းတရုတ်ကိုပြန်လာတော့မယ်
________________________________

ယန်းချင်းချီ ယွမ်မင်ရွှိကိုကြည့်လိုက်ကာ

''ဘာဖြစ်လို့လဲဆိုတော့ သူမင်းနဲ့ထပ်ပြီး မပတ်သက်ချင်တော့လို့ပဲ သူမင်းကို လူကိုယ်တိုင်တွေ့ပြီး သတိပေးချင်တာတောင် မင်းနဲ့ဆက်သွယ်ရင် ဇာတ်လမ်းတွေပိုရှုပ်လာမှာစိုးလို့ သူ့ရဲ့တရားဝင်အိမ်ထောင်ဖက်ဖြစ်တဲ့ ငါ့ကို သူ့အစား ပြောခိုင်းလိုက်တာ နားလည်ပြီလား ''

ယွမ်မင်ရွှိကတော့ အခုချိန်ထိကို အံ့သြတုန်လှုပ်သွားသည့် အခိုက်အတန့်ကြီးကနေ ရုန်းမထွက်နိုင်သေးပါ။

''ဟုတ်ပြီ ငါထပ်ပြီး ပြောချင်တာကတော့ ငါမင်းကို ဒီနေရာမှာတွေ့ပြီး ဒီစကားတွေပြောနေတယ်ဆိုတာ မင်းကိုဒီတိုင်းမြင်ဖူးချင်ရုံသပ်သပ်ကြီးပဲမဟုတ်ဘူး မင်းနဲ့ကျန်းမော့ချန်ရဲ့ဆက်ဆံရေးကိုသိထားတဲ့အတွက် တချိန်ချိန်မှာ ငါတို့ တစ်ကွေ့မဟုတ်တစ်ကွေ့ တွေ့မယ်ဆိုတာကိုသိနေတယ် အဲ့ဒါကြောင့် တစ်ခါထဲအပြတ်ရှင်းဖို့ဆုံးဖြတ်လိုက်တာ ငါက မင်းနဲ့မတူဘူး ငါ မင်းတို့ရဲ့အတိတ်ကိုလက်ခံနိုင်တယ် မင်းကိုကျန်းမော့ချန်ကြိုက်ခဲ့တယ်ဆိုတဲ့ အချက်ကိုလည်းလက်ခံနိုင်တယ် အဲ့ဒါကြောင့် ငါ သူ့အတိတ်ကိုဂရုမစိုက်ဘူး လူတိုင်းမှာအတိတ်ကိုယ်စီရှိကြတာပဲ အတိတ်ကအတိတ်ပဲ ပြီးသွားပြီ ပစ္စပ္ပန်အထိဆက်နွယ်နေစရာအကြောင်းမရှိဘူး အဲ့တော့ငါလည်း စိတ်ရှုပ်ခံပြီး ဂရုစိုက်မနေဘူး သူငါ့ကိုသဘောကျတယ် သူငါ့ကိုထိခိုက်နာကျင်အောင် ဘယ်တော့မှမလုပ်ဘူးဆိုတဲ့ အချက်တွေသိနေရုံနဲ့တင် လုံလောက်ပြီ''

''ယွမ်မင်ရွှိ '' ယန်းချင်းချီ တဖက်လူကို သေချာကြည့်ကာ တည်ကြည်လေးနက်စွာပြောလာသည်။ '' ငါမင်းကိုဒီလိုစကားတွေအများကြီးပြောတာ ဒါပထမဆုံးပဲ ပြီးတော့ နောက်ဆုံးဖြစ်ဖို့လည်း မျှော်လင့်တယ် နောက်တစ်ခါ ငါ့ရှေ့ ကားယားကားယားလာလုပ်နေရင် တစ်ခါတည်း အထင်အမြင်သေးပြီး ရှုံ့ချပစ်လိုက်မယ် လှောင်ရယ်ပစ်လိုက်မယ် စိတ်အခြေအနေမကောင်းရင် တွေ့တာနေရာမှာတင် ကောက်ရိုက်ပစ်လိုက်မယ် ဒီလိုမျိုးအချိန်တွေဖြုန်းပြီး လေကုန်ခံနေမှာ မဟုတ်တော့ဘူး အမြဲတမ်း လူရှေ့ကျ သနားကမားရုပ်လေးလုပ်ပြ၊ နောက်ကွယ်မှာကျ ဘယ်သူ့ကိုဘယ်လိုဒုက္ခပေးရမလဲဆိုပြီး အကြံဉာဏ်တွေထုတ်တတ်တဲ့ မင်းအကျင့်တွေကိုမကြိုက်ပေမဲ့ ဒါကလည်း ဒီလောကထဲ ရှင်သန်ဖို့ကြိုးစားနေရတဲ့ မင်းရဲ့နည်းလမ်းမို့လို့ ငါလည်းဘာမှမပြောလိုဘူး ဒါပေမဲ့ ရှေးလူကြီးတွေပြောတာကြားဖူးတယ်မလား စက္ကူနဲ့မီးငြှိိမ်းလို့မရဘူးတဲ့* လောင်ကျွမ်းလာတဲ့တနေ့ကျရင် မင်းနာမည်ပျက်ဆီးသွားလိမ့်မယ် အခု ငါ့အတင်းအဖျင်းတွေကိုလိုက်ဖွတယ်နော် မင်းလည်းဒီလောကထဲကလူပဲ တစ်နေ့ မင်းအတင်းအဖျင်းတွေကို လိုက်ဖွတဲ့လူဆိုတာလည်းရှိလာဦးမှာပဲ ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now