Chapter 70

26.8K 3.7K 800
                                    

Unicode

ယွမ်မင်ရွှိတစ်ယောက် အရှက်ခွဲခံလိုက်ရသလိုမျိုး ခံစားရသတဲ့၊ ယန်းချင်းချီ စျေးတွေဆစ်နေပြီ
__________________________________

ကိစ္စတွေက ရုတ်တရက်ကြီးဖြစ်သွားတာကြောင့် ဝေ့လန်လည်း တစ်စက္ကန့်လောက် ကြောင်အသွားကာ သတိပြန်ဝင်လာချင်း တခွိခွိဖြင့် ကြိတ်ရယ်တော့သည်။

ယွမ်မင်ရွှိလည်း ငူငူငိုင်ငိုင်လေးဖြင့် မျက်နှာကို ရုတ်တရက်ကြီး ဘာလို့အရိုက်ခံလိုက်ရမှန်း နားမလည်နိုင်ဖြစ်နေသည်။

ယန်းချင်းချီ အမြန်ပြောလာသည်။

''အားနာလိုက်တာ ငါ တမင်ရိုက်လိုက်တာမဟုတ်ပါဘူး '' အားလုံးဝေ့လန်ကြောင့်!

ထိုအခြင်းအရာကိုမြင်တော့ ယွမ်မင်ရွှိပြဿနာရှာလာမှာစိုးတာကြောင့် ဝေ့လန်မတ်မတ်ပြန်ထိုင်လိုက်ကာ ယွမ်မင်ရွှိကိုလှည့်ကြည့်ပြီး

''ဘာမှမဖြစ်ပါဘူး ​ပြိုင်ပွဲပဲဟာ အနည်းအပါးထိခိုက်တာတော့ရှိမှာပေါ့ သူက တမင်လုပ်တာမှမဟုတ်တာ မင်းငါ့ကိုခုနက တမင်မလွှတ်လိုက်သလိုမျိုးလေ ဟုတ်တယ်မလား ''

ယွမ်မင်ရွှိ တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်သော်ငြား ဝေ့လန်ကဆက်ပြောလာသည်။

''မင်း နားလည်ပေးသင့်တာပေါ့ ငါတောင် ခုနက ကိစ္စကို စိတ်ထဲမထားပဲ နားလည်ပေးလိုက်တာပဲဟာ မင်းကငါ့ထက် ပိုကြင်နာတတ်ပြီး ပိုသဘောကောင်းတော့ ဖြည့်တွေးပေးနိုင်မယ်မလား ခေါင်းအုံးရိုက်ပွဲဆိုမှတော့ တယောက်နဲ့တ​ယောက်ရိုက်မိကြတာက သဘာဝပဲလေ မင်းလည်းအဲ့လိုပဲ တွေးမိတယ်မလား ဒါမှမဟုတ် မင်းကိုရိုက်မိပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ငါကတမင်ရှောင်လိုက်တယ်လို့ ထင်နေတာလား''

ယွမ်မင်ရွှိ သူ မတရားခံနေရတာကို သိသော်ငြား ဘာမှပြန်မပြောရဲသဖြင့် အသံတိုးလေးနှင့်သာ ''မထင်ပါဘူး '' ဟု မဖြေချင့်ဖြေချင် ပြန်ဖြေလိုက်ရသည်။

''တိုက်ဆိုင်လိုက်တာ ငါလည်းမထင်ဘူး '' ဝေ့လန် သူ့လက်ထဲက ခေါင်းအုံးကိုမြှောက်ကာ ယန်းချင်းချီဘက်ပြန်လှည့်သွားပြီး ''လာ ဆက်ရိုက်ရအောင်! ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now