Chapter 34

28.4K 3.9K 183
                                    

Unicode

ကြာပန်းဖြူလေး ပြည်မကို ပြန်လာတော့မယ်
__________________________________

ယန်းချင်းချီ ကျန်းမော့ချန်အား ခပ်ကြာကြာလေး ဖက်အပြီးမှာတော့ လွှတ်ပေးလာကာ ပြန်ဖို့ပြင်တော့သည်။

''မင်းဘာလုပ်နေတာလဲ ''

''ပြန်တော့မယ်လေ ''

''မင်းတကယ်ကြီး ပြန်မယ်? ''

''ခင်ဗျား ဘာတွေလျှောက်တွေးနေပြန်ပြီလဲ ''

ယန်းချင်းချီ ဖွဖွလေးရယ်လိုက်ကာ
''ညဘက်မှဖတ်သင့်တဲ့ဇာတ်ညွှန်းတွေကို ခင်ဗျားနဲ့ တကယ်ကြီး လာဆွေးနွေးတယ်လို့ ထင်နေတာလား ''

'' .....ရောက်ပြီဆိုမှတော့ ဒီည ဒီမှာပဲနေလိုက်ပေါ့ ''

''မဖြစ်ဘူး မနက်ဖြန်ကျ ခင်ဗျားနဲ့ကျွန်တော် အတူတူထွက်လာတာကို မြင်သွားရင် ကျွန်တော်က ရိုက်ကွင်းတစ်ခုလုံးရဲ့ အာရုံစိုက်စရာကြီး ဖြစ်သွားလိမ့်မယ် ''

''ဒါဆိုလည်း ကိုယ်ထွက်ပြီးလို့ နည်းနည်းလောက်ကြာမှ မင်းထွက်လာလို့မရဘူးလား ''

''ဘယ်လိုပဲကြည့်ကြည့် ကျွန်တော်တို့နှစ်ယောက်လုံးက နှစ်ဦးသဘောတူ လက်ထပ်မှတ်ပုံတင်ရထားတဲ့ တရားဝင်အိမ်ထောင်ဖက်တွေပါ ဒါပေမဲ့ ခင်ဗျားပြောနေပုံကြီးနားထောင်ရတာ မသိရင် ကျွန်တော်တို့နှစ်ယောက်ကပဲ ဖောက်ပြန်နေသလိုလို ဘာလိုလိုနဲ့ ''

ကျန်းမော့ချန် : ''.............''

ယန်းချင်းချီ တွေးတွေးဆဆဖြင့် ကျန်းမော့ချန်ဘေးနား ထိုင်ချလိုက်ပြီး

''ထားပါလေ ခင်ဗျားပြောတဲ့အတိုင်း မလုပ်နိုင်တာမှမဟုတ်တာ ရင်ဖိုစရာအတွေ့အကြုံလေးတစ်ခုရသွားတယ်လို့ သတ်မှတ်လိုက်ပါ့မယ် ''

ကျန်းမော့ချန် တဒုတ်ဒုတ်နှင့် ထိုးတက်လာသည့် နားထင်ကိုဖိကိုင်လာပြီး တံခါးကိုလက်ညှိုးထိုးပြကာ စိတ်မရှည်သည့်လေသံဖြင့်ပြောလာသည်။

''ထွက်သွား... သွား.... သွား ''

''ဘယ်ကိုလှိမ့်သွားရမှာလဲ လှိမ့်ရအောင် ကျွန်တော်က အဝတ်လျှော်စက်ဝင်ရိုးမှမဟုတ်တာ* '' ယန်းချင်းချီ တခြားလူကို စနေလိုက်ပြီး ဖုန်းကိုကောက်ထုတ်လိုက်ကာ ''လာပါ ကျွန်တော်တို့အတူတူရှိနေမှတော့ ချီချီ့ကို Video callခေါ်ရအောင် ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now