Chapter 65

27K 3.8K 534
                                    

Unicode

ကျန်းမော့ချန် စိတ်ပူနေပြီ၊ ယန်းချင်းချီက သူ့ကိုယ်သူဂရုစိုက်ပါမယ်တဲ့ 
__________________________________

ကျန်းမော့ချန် ဖုန်းခေါ်လာမယ်ဆိုတာကို မှန်းထားပြီးသားဖြစ်တာကြောင့် ယန်းချင်းချီ သိပ်အံ့သြမနေပါ။ သူကားထဲဝင်ထိုင်လိုက်ကာ နောက်ခုံကိုမှီရင်း အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

''ဝေ ''

ကျိန်းသေပေါက်ကိုပဲ ကျန်းမော့ချန်ဘက်ကနေ ပထမဆုံးထွက်လာသည့်စကားက သူ့မှန်းဆချက်များကို အတည်ပြုပေးလိုက်သည်။

''ယွမ်မင်ရွှိ Variety Showရဲ့ နောက်တစ်ပိုင်းကို ဧည့်သည်အနေနဲ့ ဝင်လာလိမ့်မယ်လို့ ကွမ်မေက ကိုယ့်ကိုပြောတယ် မင်းသဘောတူလိုက်တာလား ''

''အင်း '' ယန်းချင်းချီ ပြန်ဖြေလိုက်သည်။

ကျန်းမော့ချန် နားမလည်နိုင်တော့ပေ။ သူ ဆိုဖာကိုမှီလိုက်ကာ စကားလုံးတွေကို ခေါင်းထဲမှာ အတတ်နိုင်ဆုံး စီရီလိုက်ပြီး ထုတ်ဖော်ပြမည့် သူ့အတွေးတွေကို တဖက်လူအထင်မလွဲစေရန် လေသံကိုဖျော့၍

'' ချင်းချီ ကိုယ် ဒီလိုမေးတာက သူ့အတွက်ပြောပေးနေတာလည်းမဟုတ်သလို မင်းရဲ့ဆုံးဖြတ်ချက်ကို သဘောမတူတာမျိုး မထောက်ခံတာမျိုးလည်းမဟုတ်ဘူးနော် ကိုယ်ဒီတိုင်းနားမလည်လို့မေးကြည့်တာ ကိုယ်နဲ့သူနဲ့ အဆက်အသွယ်ပြတ်သွားပြီလေ ကိုယ်တို့တွေအနာဂတ်မှာလည်း ဆုံစရာအကြောင်းမရှိတော့ဘူး အဲ့ဒါကြောင့် သူက မင်းနဲ့တစ်နေရာထဲပေါ်လာမှာကို ဘာလို့လက်ခံလိုက်ရတာလဲ? သူနဲ့တွေ့မယ်? ကိုယ်မင်းကို အပြစ်တင်နေတာမဟုတ်ဘူးနော် မင်းဘာတွေးနေမှန်း ကိုယ်သေချာမသိလို့ မေးကြည့်တာ ဒီ Variety Showကို အခုမှစJoinခါစမို့လို့ သူ့အတွက်ကြောင့်နဲ့ ပရိုဂရမ်အဖွဲ့ကို အလုပ်မရှုပ်စေချင်လို့လား ဒါမှမဟုတ် သူ့ကိုဒီတိုင်းတွေ့ကြည့်ချင်လို့ သဘောတူလိုက်တာလား ဘယ်တစ်ခုလဲ မင်းဘာတွေတွေးထားလဲဆိုတာ ကိုယ့်ကိုသေချာလေး ပြောပြလို့ရမလား ''

ကျန်းမော့ချန်၏လေသံမှာ အရမ်းကိုညင်သာလွန်းတာကြောင့် သူ့ကိုအထင်မလွဲစေချင်လို့ သေချာလေးလေသံဖျော့၍ချော့မေးနေမှန်း ယန်းချင်းချီ ကောင်းကောင်းကြီး သဘောပေါက်သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now