Chapter 25

30.1K 4K 156
                                    

Unicode

ကစားကွင်းနှင့် ပြည်ပမှ ကြာပန်းဖြူလေးဆီက ဖုန်းဝင်လာခြင်း
__________________________________

နောက်နေ့မှာတော့ ယန်းချင်းချီက ချီချီကို စောစောလာနှိုးကာ ကစားကွင်းဆီသွားဖို့ ပြင်ဆင်ကြတော့သည်။

နာမည်ကြီး တစ်ယောက်အနေနဲ့ ကျန်းမော့ချန်က လူတွေမမှတ်မိအောင် မိတ်ကပ်အနည်းငယ်နှင့် ဆံပင်ကေပြောင်းကာ မျက်မှန်ကြီးတပ်ပြီး ရုပ်ဖျက်ရသည်။ ထိုလူအခန်းထဲက ထွက်လာတော့ ယန်းချင်းချီ မလန့်ပဲမနေနိုင်ခဲ့။ သူ တစ်ကိုယ်လုံးကို ပတ်ပြီး စေ့စေ့စပ်စပ် ကြည့်ရှုလိုက်ကာ

''ဟေး အချောလေး မင်းက ဘယ်သူလဲ ''

''ဘယ်သူလို့ ထင်လဲ ''

ယန်းချင်းချီ ပြန်မဖြေခဲ့ဘူး အဲ့အစား ချီချီ့ကိုလှည့်မေးလိုက်သည်။

''ချီချီ သူ ဘယ်သူလို့ထင်လဲ ''

"အဲ့ဒါ ဒယ်ဒီလေ '' ချီချီက အသေအချာပြောလာသည်။

''သူက ဒီပုံစံကြီးနဲ့ကို သားကမှတ်မိတယ်? '' ယန်းချင်းချီအတော်လေး အံ့အားသင့်သွားကာ

''ချီချီ သားရဲ့ မျက်လုံးက အံ့မခန်းပဲ ''

ကျန်းမော့ချန် အကူအညီမဲ့သလို ခံစားလိုက်ရသည်။

''ပေါက်ကရတွေ ကိုယ်အရင်ကလည်း ဒီလိုဝတ်ပြီး ကလေးကို အပြင်ခေါ်သွားနေကြ အစကတော့ သူမရင်းနှီးပေမဲ့ နောက်တော့အဆင်ပြေသွားတာပဲ သုံးလေးကြိမ်လောက် မြင်ပြီးမှတော့ သူကဘယ်လိုလုပ် မမှတ်မိပဲနေမှာလဲ ''

ယန်းချင်းချီ ပြန်လှည့်လိုက်ကာ ကျန်းမော့ချန်အား စေ့စေ့စပ်စပ် အကဲဖြတ်နေပြန်သည်။ ဘယ်လိုကြည့်ကြည့် အခုသူ့ရှေ့ရပ်နေတဲ့လူက သူတွေ့မြင်နေကြ ကျန်းမော့ချန်နှင့် ကွဲပြားသည်။ ဝတ်ပုံစားပုံပြောင်းလဲလိုက်ရုံနဲ့ကို လူငယ်ပိုဆန်သွားကာ ပိုတက်ကြွလာသည့် အငွေ့အသက်တွေရစ်ဝိုင်းနေသည်။ တချို့ပြောင်းလဲမှုများက ထိုလူ၏ ဖြုံလောက်စရာ အရှိန်အဝါကို လျော့ကျစေကာ ချောမောကြည့်ကောင်းပြီး ယောကျ်ားဟော်မုန်းများထုတ်လွှတ်နေသည့် အမျိုးသားကနေ သန့်ရှင်းသပ်ရပ်သည့် လူချောလေးအဖြစ်သို့ပြောင်းလဲသွားသည်။ ထို့အပြင် မျက်နှာပေါ်ရှိ အမဲရောင်ကိုင်းတပ် မျက်မှန်တစ်စုံကလည်း ညင်သာအေးချမ်းသည့် တက္ကသိုလ်ဆရာတစ်ယောက်လိုလို ဘာလိုလို အငွေ့အသက်များကို ပေးသေးသည်။ အခုပုံစံကို တစ်ယောက်ယောက်မြင်လိုက်လျှင် TVပေါ်ရှိ တောက်ပလင်းလက်နေသည့် ကျန်းမော့ချန်နှင့် ယှဥ်တွဲမိလောက်ရန်မှာ ခက်ခဲလွန်းလှသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now