Chapter 139

21.7K 3.5K 166
                                    

Unicode

မိသားစုတွေပြန်ဆုံကြပြီ၊ ကျန်းချုံးကတော့ ကိုယ့်သေတွင်းကိုယ် တူးနေပြန်ပြီ
__________________________________

''လွယ်လွယ်လေး ကိုယ် ဒါရိုက်တာဖုကိုသွားရှာလိုက်တာလေ ဒါရိုက်တာဖုက ဟိုတယ်ဝန်ထမ်းကို မင်းအခန်းဖွင့်ပေးခိုင်းလိုက်တာ ''

''အကြံသမား '' သူထိုသို့ပြောရင်း သူ့ရှေ့က ကတ်ထူဘူးကိုလှုပ်ကြည့်လိုက်ကာ '' အဲ့တော့ ခင်ဗျား ကျွန်တော့်ကိုဘာတွေပို့ထားတာလဲ ''

''ဖွင့်ကြည့်လိုက်လေ '' ကျန်းမော့ချန်ပြန်ဖြေလာသည်။

ယန်းချင်းချီ တိတ်တွေခွာကာ ကတ်ထူဘူးကိုဖွင့်ကြည့်လိုက်စဥ် အထဲမှာ ဒီမြို့ကထွက်တဲ့ ဒေသအစားအစာတွေ၊ မုန့်ထုပ်တွေကို တွေ့လိုက်ရသည်။

''မင်းဒီမှာ ရုပ်ရှင်ရိုက်နေတာဖြင့် ဒီလောက်ကြာပြီ အဲ့ဒါတွေအားလုံးမြည်းစမ်းဖူးရဲ့လား '' ကျန်းမော့ချန်မေးလာခဲ့သည်။

ယန်းချင်းချီ ခေါင်းခါပြလိုက်ကာ

''ကျွန်တော်ရဲ့အချိန်အများစုကို ရိုက်ကွင်းထဲမှာပဲနှစ်မြှုပ်ထားရတာ ရှုတင်ပြီးတာနဲ့ ဟိုတယ်တန်းပြန် မနက်နှိုးလာရင် ရှုတင်တန်းသွားနဲ့ အားကိုမအားဘူး ဒီမြို့ကိုလျှောက်လည်ဖို့တောင်အချိန်မရှိတာ ဒေသထွက်တွေစားဖို့ဆိုဝေးစွ ''

''ကိုယ်လည်းအဲ့လိုခန့်မှန်းမိပါတယ် ဒါကြောင့် ဟိုနည်းနည်းဒီနည်းနည်းဝယ်လာလိုက်တာ အတူတူစားကြရအောင်လေ ''

ယန်းချင်းချီ ကျန်းမော့ချန်ကိုကြည့်ရင်း ဒီလူက အတူတူကုန်ဆုံးရတဲ့နေ့ရက်တွေပိုကြာမြင့်လာလေ ပိုပြီးချိုမြိန်လာလေ ပိုပြီးတွေးပေးတတ်လာလေဟု ခံစားလိုက်ရသည်။

သူ ဘူးထဲက မုန့်ထုပ်တွေကိုကြည့်ရင်း ချက်ချင်းအတွေးတစ်ခုဝင်လာခဲ့သည်။

''ခင်ဗျားက ဒီကိုရောက်လာတော့ ကလေးတွေကရော? ကျွန်တော်တို့နှစ်ယောက်လုံး သူတို့နဲ့အတူတူ နှစ်ကူးမလုပ်ပေးနိုင်မှာကို ချီချီသိရဲ့လား ''

''ကိုယ်က အဲ့လိုမျိုး ရှေ့မကြည့်နောက်မကြည့်လုပ်တတ်တဲ့လူစားလား ကျိန်းသေပေါက် ချီချီ့ကိုလည်း ကိုယ်နဲ့အတူတူခေါ်လာတာပေါ့ ချီချီပြောတာမှန်တယ် ကိုယ်တို့ကမိသားစုအသိုက်အဝန်းလေး အဲ့တော့ နှစ်သစ်ကူးကိုသေချာပေါက် အတူတူဖြတ်သန်းရမှာပေါ့ ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now