Chapter 64

26.9K 3.7K 355
                                    

Unicode

ယန်းချင်းချီနဲ့ဝေ့လန် ပျော်ပျော်ရွှင်ရွှင်တွေ့ကြပြီ၊ ကြာပန်းဖြူလေးကလည်း သူ့ကိုမမေ့စေချင်ဘူးတဲ့
__________________________________

ယန်းချင်းချီ အိမ်မှာအကြာကြီးမနေလိုက်ရပါ။ သိပ်မကြာခင်မှာပဲ 《 မြန်းမြန်အာတာပူစီ 》ရိုက်ကွင်းထဲဝင်ရတော့သည်။

《 မြန်းမြန်အာတာပူစီ 》မှာ ကျောင်းသားအချစ်ဇာတ်လမ်းတွဲတစ်ခုဖြစ်ကာ အွန်လိုင်းပေါ် အရမ်းလူဖတ်များသည့် Web-Novel တစ်ခုကို Live Action ပြန်ရိုက်ထားခြင်းဖြစ်သည်။ ဇာတ်လမ်းအစမှာ ဇာတ်လိုက်မင်းသမီး ထန်မြန်းမြန်က မောက်မာကြီးကျယ်ပြီး ပိုင်စိုးပိုင်နင်းပြုမူဆက်ဆံတတ်သည့် သခင်ငယ်လေး ယန်ရှန့်မင်နှင့် မတော်တဆမှုတစ်ခုကြောင့် တွေ့မိရာကနေစတင်ခဲ့သည်။ ထို့နောက် သူတို့နှစ်ယောက် ကျောင်းမှာပြန်တွေ့ကြကာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသည့် အချစ်ခရီးလမ်းလေး စတင်ခဲ့သည်။ ဇာတ်လမ်းထဲတွင် ဇာတ်လိုက်မင်းသား ယန်ရှန့်မင်မှာ ချမ်းသာသည့်မိသားစုမှပေါက်ဖွားလာကာ မောက်မာတတ်ပြီး ဒေါသကြီးသည်။ စာညံ့သည်။ သို့သော် အမှန်တရားဘက်တော်သား တဖြစ်လဲ စိတ်ကောင်းနှလုံးကောင်းရှိသည့် Tsundereလေးတစ်ယောက်ဖြစ်သည်။

(T/N: Tsundere အဓိပ္ပါယ်က ပါးစပ်က မလုပ်ဘူး မကြိုက်ဘူး မချစ်ဘူး ဘူးခံငြင်းနေပေမဲ့ စိတ်ထဲမှာတစ်ယောက်ထဲကြိတ်ပြီး ရှက်သွေးဖြာနေတာမျိုးပါ။ ဥပမာကိုယ်တွေရဲ့ ကျန်းမူမူပေါ့)

တနေ့ ယန်ရှန့်မင် အိမ်ပြန်လာချိန် လမ်းမှာ တစ်စုံတစ်ယောက်က ထန်မြန်းမြန်ကို အနိုင်ကျင့်နေသည်အား တွေ့လိုက်ရသည်။ သူ ရပ်ကြည့်မနေနိုင်တာကြောင့် ဝင်ကယ်လိုက်သည့်အခါ ထန်မြန်းမြန်က အရမ်းကိုကျေးဇူးတင်သွားကာ သူ့ကြင်နာမှုအတွက် တစ်ခုခုပြန်လုပ်ပေးချင်သည်။ သို့သော် ယန်ရှန့်မင်က အပိုတွေမလုပ်နဲ့ဟု ခပ်ချေချေငြင်းလိုက်တာကြောင့် သူမလက်လျှော့လိုက်ရသည်။ ကျောင်းမှာပြန်တွေ့ကြသည့်အခါ ထန်မြန်းမြန်က ကျေးဇူးတင်သည့် မျက်လုံးရွဲကြီးများနှင့်လိုက်ကြည့်နေတတ်သော်ငြား ယန်ရှန့်မင်က ခပ်ချေချေပင်။ တနေ့ အတန်းပိုင်က ယန်ရှန့်မင်တစ်ယောက် ပထမနှစ်ဝက်မှာ ဘာသာစုံကျသဖြင့် ဒုတိယနှစ်ဝက်မှာပါ ဒီလိုဆက်ဖြစ်နေလျှင် တစ်နှစ်ပြန်တက်ရမည်ဟု ခြိမ်းခြောက်လိုက်သည့်အခါ ယန်ရှန့်မင်အတွေးကြပ်သွားသည်။ နောက်တစ်နှစ်ပြန်တက်ရလျှင် မိဘတွေဒေါသကိုကြိုမြင်နေတာကြောင့် ယန်ရှန့်မင်ခေါင်းခဲနေတဲ့အချိန် ဇာတ်လိုက်မင်းသမီး ထန်မြန်းမြန်ကို သတိရသွားလေသည်။ ဇာတ်လိုက်မင်းသမီးဆီသွားပြီး သူ့ကိုစာပြပေးနိုင်မလားဟု သွားမေးလိုက်သည့်အခါ ထန်မြန်းမြန်ကလည်း ကျေးဇူးဆပ်ချင်နေတာ​ကြောင့် သဘောတူလက်ခံလိုက်လေသည်။ အဲ့လိုနဲ့ နှစ်ယောက်သားပိုပိုရင်းနှီးလာကြပြီး ချစ်သွားကြသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now