Chapter 83

28.2K 4K 560
                                    

Unicode

ကျန်းမော့ချန်နဲ့ယန်းချင်းချီ ပြန်ဆုံကြပြီ၊ ဘယ်နေရာကြည့်ကြည့် အချိုတွေအပြည့်ပဲ!
_______________________________

ကျန်းမော့ချန်ထိုသို့ကြေငြာလာကတည်းက ယွမ်မင်ရွှိ မဟုတ်တာတစ်ခုခုသွားလုပ်ထားမှန်း လျောင်စစ်ပေါ်အနည်းနဲ့အများတော့ ခန့်မှန်းမိသည်။ သို့သော် သူ စွင်းရွှင်ဆီသွားကာ အဲ့နှစ်ယောက်ဘာတွေဖြစ်ကြတာလဲဟု မမေးပဲမနေနိုင်ခဲ့။ သူတို့နဲ့မတူပဲ စွင်းရွှင်က အနုပညာလောကထဲကလူဖြစ်တာ​ကြောင့် သူတို့ထက်သတင်းပိုစုံသည်။ ထို့ကြောင့် သူ သွားမေးလိုက်သည့်အခါ စွင်းရွှင်ကလည်း ယွမ်မင်ရွှိလုပ်သမျှကို မထိမ်မဝှက်ပဲ အကုန်ထုတ်ပြောပြလာခဲ့သည်။ လျောင်စစ်ပေါ်တစ်ယောက် စွင်းရွှင်စကားတွေကိုနားထောင်ပြီး ရှော့ခ်မရပဲမနေနိုင်ခဲ့။ နေပါဦး ဒါကသူသိတဲ့ယွမ်မင်ရွှိမှဟုတ်ရဲ့လား။ သိမ်မွေ့နူးညံ့ပြီး ကာကွယ်ပေးဖို့လိုအပ်နေတဲ့ ယွမ်မင်ရွှိကဘယ်မှာလဲ။ အခု စွင်းရွှင်ပြောနေတဲ့ တစ်ယောက်က ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးလုပ်တတ်တဲ့ မျက်နှာနှစ်ဖက်နဲ့ဂျင်ကြီး မဟုတ်ဘူးလား!

လျောင်စစ်ပေါ်၏နှလုံးသားလေး ထိခိုက်နာကျင်သွားကာ မသိလျှင် ယွမ်မင်ရွှိ လှည့်စားတာကို​ခံလိုက်ရသလိုပင်။ သူ့မှာ အမှန်တရားကိုယုံကြည်ဖို့အတွက် အလွန်ခက်ခဲနေပြီး ယွမ်မင်ရွှိကိုများ နားလည်မှုလွဲနေကြတာလားဟု မတွေးမိပဲမနေနိုင်ခဲ့။ သို့သော် သူ့ခေါင်းပေါ်က အသုံးနည်းသည့် ဦးနှောက်လေးမှာ ရှားရှားပါးပါး အလုပ်လုပ်လာခဲ့သည်။ ______ သူတို့ အတူတူကြီးပြင်းလာခဲ့တာကြောင့် ကျန်းမော့ချန်က ဘယ်လိုစရိုက်သဘာဝရှိမှန်း သူကောင်းကောင်းသိသည်။ သူအရင်တစ်ခေါက်က ယန်းချင်းချီကို စကားနာထိုးခဲ့တဲ့အတွက် ကျန်းမော့ချန်သူ့ကိုမခေါ်တဲ့အချိန် တဖက်လူနဲ့ပြန်ပြေလည်ချင်တာကြောင့် ရိုက်ကွင်းကိုသွားရှာခဲ့စဥ်က ကျန်းမော့ချန်မှာ သူ့ကိုဆူပူပြီး ယန်းချင်းချီကိုပြန်တောင်းပန်ခိုင်းခြင်းနဲ့ပဲ ထိုကိစ္စကိုပြည်ဖုံးကားချပစ်လိုက်သည်။ ထို့ကြောင့် ကျန်းမော့ချန်က မလိုအပ်ပဲပုံကြီးချဲ့နေမဲ့လူမျိုးမဟုတ်ပါ။ ယွမ်မင်ရွှိ ကျန်းမော့ချန်စိတ်ဆိုးစေတဲ့အထိ မလုပ်သင့်တာတစ်ခုခုသွားလုပ်ထားလို့ အခုလိုအဆက်အဆံတွေပြတ်ကုန်တာဖြစ်ရမည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now