Chapter 90

34.7K 4.4K 497
                                    

Unicode

မူလပိုင်ရှင်ရဲ့ရည်းစားဟောင်းက လာခြိမ်းခြောက်တယ်
________________________________

ယန်းချင်းချီက ဖုန်းမှားခေါ်တာ ဒါမှမဟုတ် အပြောင်အပျက်ဖုန်းဟု ထင်လိုက်တာကြောင့် ဂရုစိုက်မနေပဲ Showကြည့်ဖို့ကိုသာ အာရုံစိုက်လိုက်သည်။ သို့သော်ထိုနံပါတ်စိမ်းက နောက်တစ်ကြိမ်ထပ်ခေါ်လာပြန်သည်။ ယန်းချင်းချီ ဖုန်းချလိုက်သော်ငြား မကိုင်မချင်း ကြိုးကြိုးစားစားဆက်ခေါ်နေတာကြောင့် သူ နည်းနည်းလေး သိလိုစိတ်ဖြစ်သွားကာ ဖုန်းကိုပြန်ဖြေဖို့ဆုံးဖြတ်လိုက်သည်။

''ဝေ ''

''ယန်းချင်းချီ မင်းကတော်တော် နေနိုင်တာပဲ ''

တဖက်ကထွက်လာသောအသံကို ရင်းနှီးသလိုလိုရှိသော်ငြား ဘယ်သူ့အသံမှန်း မှန်းဆမရဖြစ်နေသည်။

''ဟမ်? ''

''ဘာလဲ အခုနာမည်လေးရလာပြီဆိုတော့ ငါဘယ်သူလဲဆိုတာကိုတောင် မေ့သွားပြီပေါ့ ''

ယန်းချင်းချီ တဖက်လူ၏ခနဲ့သံကိုနားထောင်ရင်း နည်းနည်းလေးအံ့အားသင့်သွားသည်။

''မင်းက? ''

''ဟာ့! '' တဖက်ကလည်း သရော်သံထွက်လာသည်။ '' နာမည်ကြီးလာတာနဲ့ အတိတ်တွေမေ့တတ်သွားတယ်ဆိုတဲ့စကားက တကယ်မှန်တာပဲ အရင်ကငါနဲ့တူတူရှိတုန်းကတော့ အရမ်းချစ်လှပါချည်ရဲ့ဆို တစ်စက္ကန့်တောင်မခွဲချင်ဘူးဆို အခုကျ ငါဘယ်သူလဲဆိုတာကိုတောင်မေ့သွားပြီပေါ့ ငါဘယ်သူလဲ? မင်းပြောကြည့် ငါဘယ်သူလဲလို့ ''

ယန်းချင်းချီ တဖက်လူစကားတွေကိုနားထောင်နေရင်း အတွေးတစ်ခုချက်ချင်းဝင်လာကာ မရေမရာမေးလိုက်သည်။

''လီရှင်းရန်? ''

ဘယ်လိုပဲဖြစ်ဖြစ် ဒီစာအုပ်ထဲကူး​ပြောင်းလာကတည်းက သူနဲ့ထိတွေ့ဆက်ဆံဖူးသည့်လူမှာ ကျန်းမော့ချန်တစ်ယောက်ထဲသာရှိသည်။ ထို့ကြောင့် မူလပိုင်ရှင် ချစ်တယ်၊ကြိုက်တယ်တွေပြောပြီး အတူရှိခဲ့မည့်လူက ဆန်ကုန်မြေလေး ရည်းစားဟောင်းတစ်ယောက်ထဲသာရှိတာကြောင့် သူ ဒီကိုကူးပြောင်းလာချင်း ဖောက်ပြန်တာကိုလက်ရသွားဖမ်းပြီး ခွေးမျက်နှာကိုဖူးယောင်သွားအောင် ထုထောင်းရိုက်နှက်ခဲ့ဖူးသည့် လီရှင်းရန်တစ်ယောက်ထဲသာ ခေါင်းထဲဝင်လာသည်။ ဆိုတော့ မူလပိုင်ရှင်ရဲ့ ဆန်ကုန်မြေလေး အယုတ်တမာရည်းစားဟောင်းက သူ့ဆီ ဖုန်းဆက်တယ်ပေါ့။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now