Chapter 26

30.7K 3.8K 322
                                    

Unicode

နောက်ဆုံးတော့ ရုပ်ရှင်ရိုက်ရတော့မယ်
__________________________________

''စစ်ပေါ်ပြောတော့ မင်းလက်ထပ်လိုက်ပြီဆို? ''

ယန်မင်ရွှိက စပြောသောစကားမှာ မေးခွန်းတစ်ခုပင်။

''အင်း ''

''ဘာလို့ရုတ်တရက်ကြီးလက်ထပ်လိုက်တာလဲ မင်းငါ့ကိုမပြောတော့ စာအိတ်နီတောင် မပေးလိုက်ရဘူး ''

''ငါတို့ မင်္ဂလာမဆောင်ရသေးဘူး အဲ့တော့ ဘယ်သူမှလည်း စာအိတ်နီမပေးရသေးဘူး ငါတို့ မင်္ဂလာဆောင်တဲ့နေ့ကျမှ ပေးဖို့ မင်းချန်ထားလိုက် ''

''အိုး ''

နှစ်ယောက်သား ဘာမှဆက်မပြောကြတော့ပေ။

''ပြောမှပဲ မင်းအိမ်ထောင်ဖက်က..... ဘယ်သူလဲ ''

''သူဘယ်သူလဲ မင်းမသိပါဘူး ငါတို့နှစ်ယောက်ကို နှစ်ဖက်မိဘတွေ ငယ်ငယ်လေးကတည်းက စေ့စပ်ပေးထားတာ ''

''ငယ်ငယ်လေးကတည်းက စေ့စပ်ထားတယ်? မင်းမှာ ငယ်ငယ်လေးကတည်းက စေ့စပ်ထားတဲ့လူ ရှိတယ်ပေါ့ ''

ကျန်းမော့ချန် ပြန်မဖြေခင် ခဏလောက်တိတ်ဆိတ်သွားသည်။

''အဲ့တော့ ပြဿနာရှိလား ''

ယန်မင်ရွှိ အံ့သြသွားကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေလာခဲ့သည်။

''ငါက.....ငါက ဒီတိုင်း စပ်စုကြည့်ရုံပါ  ''

'' ဒီကိစ္စမှာ ဘာစပ်စုစရာအကြောင်းမှ မရှိဘူး မင်း သူ့ကိုမသိဘူး အဲ့တော့ မင်းပြန်လာရင် အားလုံးကို တွေ့ဖို့စုလိုက် အဲ့အချိန်ကျ မင်းသူ့ကို သိသွားလိမ့်မယ် ''

''သူက.... ဘယ်လိုလူမျိုးလဲ ''

''အရမ်းကောင်းတဲ့လူ ''

''အဲ့လိုလား.....ဒါဆို ဂုဏ်ပြုပါတယ် ''

''ကျေးဇူးပဲ ''

ယန်မင်ရွှိပြောစရာစကား ပျောက်ဆုံးနေသလိုမျိုး တိတ်ဆိတ်သွားပြန်သည်။ သူဖုန်းကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ကာ ဖြေးဖြေးချင်းပြောလာခဲ့သည်။

''တကယ်တော့ မင်းလက်ထပ်လိုက်တာလည်းကောင်းပါတယ် ဘယ်သူကအတည်တကျမဖြစ်ချင်ပါ့မလဲ ဒါပေမဲ့ '' သူ မျက်လွှာချလိုက်ကာ
''ငါတော့ဒီထက့်ပိုပြီး သည်းမခံနိုင်လောက်တော့ဘူးလို့ ခံစားနေရတယ် ဒီဘဝမှာတော့ ကိုယ်ပိုင်အိမ် ကိုယ်ပိုင်မိသားစု မရှိလောက်တော့ဘူးနဲ့ တူပါတယ် ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now