Chapter 177

17.8K 2.5K 177
                                    

Unicode

ချန်ချီက နာမည်ကြီးနေပြန်ပြီ၊ လက်စွပ် လူမြင်သွားတယ်နော်
_________________________________

ယန်းချင်းချီနဲ့ ကျန်းမော့ချန်က ဒီVariety Showအတွက် အဓိကဦးစားပေးလူနှစ်ယောက်ဖြစ်တာကြောင့် ပရိုဂရမ်အဖွဲ့ဘက်ကလည်း သူတို့နှစ်ယောက်ပါသည့်အခန်းတွေကို များနိုင်သမျှများများပြနိုင်အောင် အစွမ်းကုန်ကြိုးစားထားကြသည်။ အများစုထင်ကြသည်မှာ အသက်အရွယ်အရပဲကြည့်ကြည့်၊ အောင်မြင်မှုအနေအထားကပဲကြည့်ကြည့် ထိုအဖွဲ့တွင် ဦးဆောင်လမ်းပြလုပ်ပေးမဲ့လူမှာ ကျန်းမော့ချန်ဟု သတ်မှတ်ထားကြပြီး နားထောင်သူက ယန်းချင်းချီဟုပင်။ သို့သော် မထင်မှတ်ထားပဲ သူတို့တွေးထားတာနဲ့ တက်တက်စင်အောင်လွဲနေခဲ့သည်။

ရှေ့ကဦးဆောင်ခေါ်သွားတာလည်း ယန်းချင်းချီ
နားမယ်၊မနားဘူး ဆုံးဖြတ်တာလည်း ယန်းချင်းချီ
တဲဆင်တော့လည်း ယန်းချင်းချီ
ငါးဖမ်းတော့လည်း ယန်းချင်းချီ
ငါးကင်တော့လည်း ယန်းချင်းချီ
မြေကြီးမှာစိုက်ထားတဲ့အလံကို အရင်ဆုံးဆွဲဲနှုတ်တဲ့လူကတောင် ယန်းချင်းချီ!

ဒါဆို ကျန်းမော့ချန်ဘာလုပ်လဲ။ ကျန်းမော့ချန်က ယန်းချင်းချီဘာလုပ်လုပ် အားပေးအားမြှောက်ပြုကာ ဘာပြောပြောထောက်ခံနေတတ်သည်။ နေပါဦး ဒီအသွားအလာကြီးက သိပ်မူမမှန်သလိုပဲနော်!

[ ဒီပရိုဂရမ်အဖွဲ့ကရူးများသွားပြီလား ဘာလို့ယန်းချင်းချီကို ခေါင်းဆောင်နေရာပေးထားရတာလဲ ယန်းချင်းချီနဲ့တပူးပူးတတွဲတွဲလုပ်ပေးဖို့ ကျန်းမော့ချန်ကို ငွေကုန်ကြေးကျခံပြီးခေါ်ထားတာလား! ]

[ အပေါ်ထပ်ရေ စကားကိုဘယ်လိုကြီးပြောချလိုက်တာလဲ ဘာကိုတပူးပူးတတွဲတွဲလဲ စီအီးအိုကျန်းက သိသိသာသာကြီးအလိုလိုက်အကြိုက်ဆောင်နေတာပါနော်! ]

[ အဲ့နှစ်ခုက ဘာကွာလို့လဲ ]

[ ဒါပေမဲ့ ငါ့စကားကပိုပြီး နားထောင်လို့ပိုကောင်းတယ်လေ ]

[ ဟေး ဆွေးနွေးနေတဲ့ခေါင်းစဥ်ကြီး ကွေးမသွားနဲ့ ငါတို့ပြောနေတာ အဲ့အကြောင်းလား ]

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now