Unicode
ကျန်းမော့ချန် : လက်ထပ်ခွင့်တောင်းပြီး ခံစားချက်တွေဖွင့်ပြောချင်ခဲ့တာ ကြာပြီ
__________________________________'' ပြီးပြီ '' ယန်းချင်းချီ အဝတ်လဲပြီးပြီးချင်း ကျန်းမော့ချန်လှည့်ကြည့်လာတာနဲ့တိုးတော့ သူ့shirtသူလက်ညှိုးထိုးပြကာ '' ကျေနပ်ပြီလား ''
ကျန်းမော့ချန်တစ်ယောက် ကြည်နူးနေသည့်အပြုံးကြီးဖြင့် ခေါင်းငြိမ့်ပြသည်။
'' အရမ်းကျေနပ်တယ် ''
ကျန်းမော့ချန် ယန်းချင်းချီကို သူ့အနားဆွဲကာ နှစ်ယောက်သား မှန်ရှေ့မှာ တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ကြည့်နေကြသည်။ နှစ်ယောက်စလုံးရဲ့ လက်တိုအင်္ကျီလေးတွေက တော်တော်လေးကိုဆင်တူကာ အရောင်ကလည်းအဖြူရောင်ကိုသာသုံးထားသည်။ သို့သော် ကြည့်ရင်း ကြည့်ရင်း ယန်းချင်းချီရဲ့ shirtလက်မောင်းပေါ်မှာ ကြယ်တန်းလေးတစ်ခုရှိနေပြီး ကျန်းမော့ချန်ဆီမှာတော့ ပျံလွှားငှက်လေးတစ်ကောင်ရှိနေတာကို မြင်လိုက်ရသည်။
ယန်းချင်းချီ ရင်းနှီးနေသည့် ပျံလွှားငှက်လေးကိုကြည့်ပြီး
'' ဒီ Shirtတွေက ခင်ဗျား ဒီဇိုင်းဖော်ထားတာလား ''
'' ဉာဏ်ကောင်းလိုက်တာ ''
ယန်းချင်းချီ တဖက်လူလက်မောင်းပေါ်က ပျံလွှားငှက်ကို လက်ညှိုးထိုးပြရင်း
'' ဒီလောက်သိသာနေတာကို ''
'' လိုချင်တာကလည်း ဒါပဲလေ ''
(T/N: He means သိသာချင်လို့ကို တမင်ဝတ်ပြတာ)
'' ဒါပေမဲ့ ကျွန်တော့်ဆီမှာကျ အိမ်လေးမဟုတ်ပဲ ဘာလို့ကြယ်တန်းလေးဖြစ်နေရတာလဲ ''
ယန်းချင်းချီ ဇဝေဇဝါဖြစ်သွားသည်။ ကျန်းမော့ချန်ဆိုသည့် အဓိပ္ပါယ်အရသာဆို သူ့အင်္ကျီရဲ့လက်မောင်းပေါ်မှာ အိမ်လေးရှိနေသင့်သည်။
'' ကိုယ့်ရဲ့ချန်က ဓူဝံကြယ်တည်ရှိရာအရပ်လို့လည်း အဓိပ္ပါယ်ကောက်လို့ရတယ် အဲ့ဒါကြောင့် အိမ်လေးက ကိုယ့်Fanတွေနဲ့သက်ဆိုင်တာဆို ဓူဝံကြယ်လေးက မင်းတစ်ယောက်ပဲသက်ဆိုင်တာပေါ့ ''

YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||
General Fictionဖန် ထွမ်စလေးရှင်း Main story