Chapter 75

26.5K 3.8K 350
                                    

Unicode

ယွမ်မင်ရွှိတစ်ယောက် လက်သင့်မခံနိုင်ဖြစ်နေပြန်ပြီ၊ မုန်တိုင်းလာတော့မယ် လေငြိမ်နေတယ်
__________________________________

အဆုံးမှာတော့ ယွမ်မင်ရွှိတစ်ယောက်ထဲ ကျန်ခဲ့လေသည်။ အပြာအသင်းဘက်က တစ်ယောက်ပြီးတစ်ယောက် အောင်မြင်သွားကာ ကွင်းလယ်မှာ သူတစ်ယောက်ထဲ လှုပ်တုတ်လှုပ်တုတ်ဖြင့် ကရင်းကျန်နေခဲ့သည်။ အကဆရာမက ယွမ်မင်ရွှိကို ဇဝေဇဝါလေးကြည့်လိုက်ကာ

''ရှင့်ရဲ့အသင်းသားတွေ ရှင့်ကိုမသင်ပေးဘူးလား ခုနက သူတို့တစ်ယောက်နဲ့တစ်ယောက် ပြန်သင်ပေးနေကြတာပါ ထူးဆန်းလိုက်တာ ''

ယွမ်မင်ရွှိက ဆရာမကို မချိပြုံးလေးပြန်ပြုံးပြလိုက်သည်။ မသိရင်ပဲ သူ့ကို အားလုံးက ဝိုင်းအနိုင်ကျင့်နေကျသလိုလို။

အချိန်မစောတော့တာကြောင့် အောင်သွားသည့်သရုပ်ဆောင်တွေအားလုံး ကိုယ့်အခန်းကိုယ်ပြန်အိပ်ဖို့ တစ်ယောက်ပြီးတစ်ယောက်ပြန်သွားကြသည်။ ယွမ်မင်ရွှိတစ်ယောက်ထဲကသာ ရိုက်ကူးရေးအဖွဲ့နဲ့ကျန်ခဲ့ပြီး ကွင်းထဲမှာ လက်တရမ်းရမ်းခြေတရမ်းရမ်း လှုပ်နေဆဲဖြစ်သည်။ ဒါရိုက်တာက အခြေအနေမဟန်တာကိုမြင်တော့ အကဆရာမဆီသွားလိုက်ကာ ဒီအပိုင်းကိုဖြတ်လိုက်မည်ဖြစ်​ကြောင်းနှင့် ယွမ်မင်ရွှိကို အအောင်ပေးလိုက်ဖို့ သွားတောင်းဆိုခဲ့သည်။

ဒါရိုက်တာကိုယ်တိုင်က ထိုသို့လာပြောမှတော့ ယွမ်မင်ရွှိက သူမအကကိုမလေးစားဘူးဟု ခံစားလိုက်ရသော်ငြား တညလုံးဆက်ကနေလည်း အောင်နိုင်ချေမရှိတာကြောင့် အအောင်ပေးလိုက်ရလေသည်။

ယွမ်မင်ရွှိ ဒါရိုက်တာနှင့်အကဆရာမကို အမြန်လေး ကျေးဇူးတင်လိုက်ကာ သူ့အခန်းသူပြန်လာခဲ့သည်။ အားလုံးကအောင်သွားပေမဲ့ သူတစ်ယောက်ထဲကွက်ကျန်နေခဲ့တာကြောင့် အရှက်ကွဲသွားသလိုခံစားလိုက်ရသည်။ သူ့အခန်းသူပြန်ရောက်သွားသော်လည်း စိတ်ထဲ အောင့်သက်သက်ကြီးနှင့် နေရထိုင်ရအဆင်မပြေလှပေ။ ဒီတခေါက် Showရိုက်ကူးရေးက သူထင်ထားတာထက် ပိုခက်ခဲကာ ယန်းချင်းချီကလုပ်နိုင်ပြီး သူ မလုပ်နိုင်ခဲ့တာကိုတွေးမိတော့ အံကြိတ်လိုက်မိသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now