Chapter 22

29.1K 4.1K 71
                                    

Unicode

မှားပြောမိရင် မကြိုက်တော့မှာစိုးလို့
__________________________________

မနက်စောစောစီးစီး မိသားစုသုံးယောက် မနက်စာစားကြတော့ သူတို့ ချီချီ့အား မနက်ဖြန် ကစားကွင်းသွားမည့်အကြောင်း ပြောပြလိုက်ကြသည်။ မျှော်လင့်ထားတဲ့အတိုင်းပဲ ချီချီက အရမ်းကိုပျော်နေခဲ့လေသည်။

ဇွန်းလေးကိုကိုင်ကာ ကြောင်မျက်လုံးလေးများမှာပြူးကျယ်နေပြီး အသံလေးမှာလည်းပေါ့ပါးနေသည်။

''တကယ်လား သားတို့အတူတူသွားမှာလား ပါးပါးရော ယန်းဦးဦးရော အတူတူပါမှာလား ''

''အမ်ဟမ် ဦးဦးရော ပါးပါးရော ချီချီရော အကုန်အတူတူသွားမှာ ''

ယန်းချင်းချီက ကလေးဆံပင်လေးများကို သပ်ကာပြန်ဖြေလိုက်သည်။

ချီချီ၏ မျက်လုံးဝိုင်းလေးများမှာ ကွေးညွတ်သွားသည်အထိ ပြုံးပြကာ အရမ်းကိုပျော်နေခဲ့သည်။

''ဒါနဲ့ '' ကျန်းမော့ချန် ချီချီ့ကိုကြည့်လိုက်ကာ
''ပါးပါးအရင်က ပြင်ပေးဖို့မေ့နေတာ ချီချီ သား ယန်းချင်းချီကို ယန်းဦးဦးလို့ပဲ ဆက်ခေါ်နေလို့မရတော့ဘူးလေ ''

ချီချီက နားမလည်ပေ။ သူမျက်တောင်လေးခတ်လိုက်ကာ

''ဘာလို့လဲ ''

''ဘာလို့လဲဆိုတော့ ယန်းဦးဦးနဲ့ ပါးပါးက လက်ထပ်လိုက်ပြီ အဲ့တော့သူကလည်း ချီချီ့ပါးပါးဖြစ်လာပြီ ''

ကျန်းမော့ချန်က ညင်ညင်သာသာလေး ရှင်းပြလာသည်။

ချီချီက သူ့ကိုပြုံးကြည့်နေသည့် ယန်းချင်းချီကို လှည့်ကြည့်လိုက်ကာ

''ဒါဆို သားမှာ ပါးပါးနှစ်ယောက်ဖြစ်သွားတာပေါ့? ''

''ဟုတ်တာပေါ့ ''

''ဒါပေမဲ့ ကိုယ်တို့နှစ်ယောက်လုံးကို ပါးပါးလို့ခေါ်ရင် ဘယ်သူ့ကိုခေါ်မှန်းမသိပဲ ရှုပ်ကုန်လိမ့်မယ် ''

ကျန်းမော့ချန် အသေအချာစဥ်းစားကာ ပြောလာသည်။

''ကျွန်တော်တို့ရှေ့မှာ မျိုးရိုးနာမည်တွေတပ်လို့ရတာပဲ '' ယန်းချင်းချီအကြံပြုလိုက်ကာ

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now