Chapter 55

28.6K 3.6K 260
                                    

Unicode

မုန်တိုင်းအသစ်လာပြီ
__________________________________

ကျန်းမော့ချန် ကုတ်အင်္ကျီအိတ်ကပ်ထဲကနေ သကြားလုံး လက်တစ်ဆုပ်စာအပြည့် နှိုက်ယူလိုက်ကာ တံခါးဖွင့်ဖို့ပြင်နေသည့် သူ့လက်ကိုဆွဲယူပြီး သကြားလုံးများကို ပြွတ်သိပ်ထည့်ပေးလာသည်။

''ဒါအရင်စားထား နောက်မှထပ်ပို့ပေးမယ် ''

ယန်းချင်းချီ လက်ထဲက ဆယ်လုံးကျော်ကျော်လောက်သာရှိသည့် သကြားလုံးအရေအတွက်ကိုကြည့်ရင်း ​ရယ်လိုက်သည်။

''ဒါဆို ခင်ဗျား ဒီနေ့ကစပြီး ပို့ပေးလို့ရပြီ ''

ကျန်းမော့ချန် အကူအညီမဲ့စွာ ပြောလာသည်။

''ချွေတာပြီးစားပေါ့ တစ်နေ့တစ်လုံး ''

''စီအီးအိုကျန်းရေ ခင်ဗျားအဆင့်အတန်းကြီးနဲ့ အဲ့စကားပြောနေတာ အဆင်ပြေတယ်လို့ထင်လား ''

'' မင်းအဆင်ပြေရင်ရပြီ ''

ယန်းချင်းချီ ပြောစရာစကားမရှိတော့ပေ။ သူ သကြားလုံးတွေကို အိတ်ကပ်ထဲထည့်ကာ ထွက်ဖို့ပြင်လိုက်ပေမဲ့ သူ့ကိုကြည့်ပြီး တစ်ခုခုပြောချင်နေသည့် ကျန်းမော့ချန်ကို သတိထားမိတော့

''ဘာပြောစရာကျန်သေးလို့လဲ ''

''ဘာမှမဟုတ်ဘူး လမ်းမှာဂရုစိုက် ''

ယန်းချင်းချီ ခေါင်းငြိမ့်ပြကာ ကားထဲကထွက်လိုက်သည်။ တံခါးပိတ်ဖို့လုပ်နေစဥ် သူ့ကိုမခွဲချင်သေးသလို တွန့်ဆုတ်စွာ ကြည့်နေသည့် ကျန်းမော့ချန်ကိုမြင်တော့ ခါးကိုကိုင်းကာ လှမ်းမဖက်ပဲမနေနိုင်ခဲ့။ ထို့နောက် ''ဘိုင့်ဘိုင်'' ဟုပြောကာ တံခါးဆွဲပိတ်လိုက်ပြီး နောက်ကို ပြန်လှည့်မကြည့်တော့ပဲ လေဆိပ်ထဲဝင်သွားတော့သည်။

လေယာဥ်မထွက်ခင် ယန်းချင်းချီ Weiboပေါ်မှာ Postတင်လိုက်သည်။

ယန်းချင်းချီ V : [ နောက်ဆုံးတော့ ရိုက်ကူးရေးပြီးသွားပြီ တစ်ချိန်လုံးကူညီစောင့်ရှောက်ပေးပြီး မသိတာတွေသင်ပြပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်! ] ထို့နောက် ထိုစာအောက်တွင် ရိုက်ကွင်းအဖွဲ့သားတွေအားလုံးနဲ့ရိုက်ထားသည့်ပုံတစ်ပုံ၊ ကျန်းမော့ချန်နဲ့နှစ်ယောက်တွဲပုံတစ်ပုံ၊ ဆုနွမ်ပို့ထားသည့် နှစ်ယောက်တွဲ Selfieပုံတစ်ပုံ စုစုပေါင်း ပုံသုံးပုံကိုပါ ရောတင်လိုက်သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now