Chapter 52

30.9K 3.8K 142
                                    

Unicode

ယန်းချင်းချီ ကမ္ဘာအသစ်ကို ဖွင့်လိုက်မိတယ်၊ ချီချီ အိမ်ပြန်ပြီ
__________________________________

ရှောင်ဟောပို့ခဲ့သည့် Linkတွေထဲ ပထမနှစ်ခုမှာ ပုံမှန်ပင်။ Forumထဲ ပုံမှန်ဆွေးနွေးမှုများသာဖြစ်ကာ မူရင်းပိုင်ရှင် Postထက် commentတွေ replyတွေ ပိုများနေရုံလောက်သာရှိသည်။ သူတို့လက်မှတ်ဖြတ်စဥ်က ကျန်းမော့ချန် သူ့ကို နာမည်ကြီးအောင်လုပ်ပေးမည်ဟုပြောခဲ့သော်ငြား သူတို့ပုံကို ပြန်တင်သည့်လူအရေအတွက်မှာ ဆယ်ကျော်နှင့် commentပေါင်းရာကျော်လောက်သာ ရှိခဲ့သည်။ ထိုအချိန်က သူ့ကိုယ်သူပြန်တွေးမိခဲ့သည်။ 'ဒီပုံစံနဲ့ ဘယ်လိုလုပ်နာမည်ကြီးမှာလဲ အဲ့လောက်ထိ စိတ်ဝင်စားကြတာမှမဟုတ်တာ အရေအတွက်က ကျန်းမော့ချန် Fanလက်သည်းခွံလောက်တောင်မရှိဘူး' ဟုပင်။ သို့သော် သူ မထင်ထားခဲ့သည်က Fanတွေရဲ့ ဆွေးနွေးမှုမှာ Postတွေထဲ မရှိပဲ Forumတွေ Threadတွေထဲမှာသာ ဟုန်းဟုန်းတောက်နေခဲ့သည်။

ချီချီက အသံအရမ်းကြီးမကျယ်သရွေ့ နိုးလာမှာမဟုတ်တာကြောင့် ယန်းချင်းချီ တဖက်လူကို ပုံမှန်လေသံဖြင့် ခေါ်လိုက်သည်။

''ကျန်းမော့ချန် ကျွန်တော် ခင်ဗျားကို မေးစရာရှိတယ် ''

''ဘာလဲ ''

ကျန်းမော့ချန် ဝူယွမ်ကို [ ခဏနေဦး ] ဟု စာပို့လိုက်ကာ ဖုန်းကိုချပြီး ယန်းချင်းချီဘက်လှည့်ကြည့်လာသည်။

''ကျွန်တော်တို့ ဓာတ်ပုံကို Weiboမှာ ပြန်တင်တဲ့လူ commentဝင်ရေးတဲ့လူ ဘာလို့ လူနည်းစုပဲရှိရတာလဲ Hot Searchစာရင်းထဲတောင်မရောက်လိုက်ဘူး ဒါပေမဲ့ Forumထဲကျတော့ ဆွေးနွေးနေကြတာ ပလူကိုပျံလို့ ''

''ဘာလို့လဲဆိုတော့ အဲ့ဒါက ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝနဲ့ သက်ဆိုင်နေလို့လေ Postတွေတင် commentတွေ ပလူပျံအောင် မန့်ကြတာက ကိုယ့်အလုပ်အတွက် ပရိုမိုးရှင်းဆင်းပေးဖို့လိုမှ ကိုယ့် Fanတွေက အားကြိုးမာန်တက်လုပ်ကြတာ ဒါပေမဲ့ idolတွေရဲ့ ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်တဲ့ postတွေဆို Fanတွေက အလိုက်တသိနဲ့ အရမ်းကြီးလူသိများအောင် မလုပ်ကြဘူး သူတို့ Idolရဲ့ ကိုယ်ပိုင်ဘဝကို ထိခိုက်သွားမှာကြောက်လို့လေ ပြီးရင် Postတင်တဲ့လူကလည်း လူထုအာရုံစိုက်မှုရသွားမယ် Fanမဟုတ်တဲ့ လမ်းကြုံ​တချို့ကျတော့ အာရုံစိုက်ခံရတာကို သာယာသွားကြမယ် သူတို့ဆယ်လီဖြစ်ချင်လာတော့ idolဘဝကိုလိုက်နှောက်ယှက်ပြီး ဓာတ်ပုံတွေရအောင်လိုက်ရိုက်တာတို့ သွားပုပ်လေလွင့်သတင်းတွေလွှင့်တာတို့ လုပ်တတ်ကြတယ် ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now