Unicode
ရေကူးရင်း နမ်းမယ်
_______________________________ဟော့ပေါ့စားအပြီး ကျန်းမော့ချန် Weiboပေါ်မှာ Postတင်လိုက်သည်။ တင်လိုက်သည့် Postကတော့ ရိုးရိုးရှင်းရှင်းပင်။
ကျန်းမော့ချန်V : [ @ယန်းချင်းချီ @စွင်းရွှင် လာပါ၊သူငယ်ချင်း! တိုက်ခိုက်လိုက်ကြရအောင်! (ပုံ) ]
ဓာတ်ပုံကတော့ ဟော့ပေါ့အိုးကြီးကိုနောက်ခံထားပြီး သုံးယောက်သား selfieဆွဲထားသည့်ပုံဖြစ်သည်။
ထိုဓာတ်ပုံက Forumတွေနဲ့ CP Groupတွေဆီ တောမီးလိုပြန့်နှံ့သွားခဲ့သည်။
[ ယန်းချင်းချီနဲ့ကျန်းမော့ချန်က အဲ့လောက်ထိဆက်ဆံရေးကောင်းတာလား ကျန်းမော့ချန်နဲ့စွင်းရွှင်က ဟော့ပေါ့စားဖို့ သူ့ကိုပါခေါ်သွားတဲ့အထိလေ ]
[ သူတို့က တစ်ကုမ္ပဏီထဲလေ ရုပ်ရှင်ပါအတူတူရိုက်ထားတော့ ဆက်ဆံရေးကောင်းတာကသဘာဝပါပဲ ]
[ ပြီးတော့ ကျန်းမော့ချန် အဲ့Variety Showကိုလာရိုက်တာ 《 လမ်းမှားခြင်း 》ရုပ်ရှင်ကို ပရိုမိုးရှင်းဆင်းဖို့အတွက်မဟုတ်ဘူးလား အဲ့တော့ အဲ့ကားထဲမှာပါနေတဲ့ ယန်းချင်းချီကိုခေါ်သွားတာက ပုံမှန်ပါပဲ ]
[ ကျန်းမော့ချန် Mentionအရင်စခေါ်တဲ့လူက ယန်းချင်းချီဆိုတာကို ငါတစ်ယောက်ထဲပဲ သတိထားမိတာလား သူက ဘာလို့ စွင်းရွှင်ရှေ့မှာရောက်နေရတာလဲ ]
[ ပြောပြီးပြီလေ ယန်းချင်းချီက ပရိုမိုးရှင်းလာဆင်းတဲ့ 《 လမ်းမှားခြင်း 》ရုပ်ရှင်ထဲပါနေလို့ ရှေ့မှာရောက်နေတာပေါ့ စွင်းရွှင်က အဲ့ဒါကြောင့် နောက်ကိုရောက်သွားတာ မထူးဆန်းပါဘူး ]
သို့သော် ချန်ချီCP Fanတွေကတော့ အဲ့လိုမတွေးပါ။
[ ဘာမှမဟုတ်ဘူး စီအီးအိုကျန်းက ချင်းချီလေးကိုချစ်လို့ အမြတ်တနိုးတန်ဖိုးထားလို့ ရှေ့မှာထား,ထားတာ ]
[ ငါတို့ Groupလေး တိတ်နေခဲ့တာကြာပြီ ဒီနေ့တော့အသက်ဝင်လာခဲ့ပြီပေါ့ ]
[ ယင်းယင်းယင်း လွယ်ကူမနေခဲ့ဘူး ငါတို့က အရင်ပေါ်ပေါက်လာတဲ့ CPလေ အခုတော့ တခြား CP တွေထွက်လာလိုက်တာများ သူတို့ကြောင့် ငါတို့Groupလေးတိတ်ဆိတ်သွားလိုက်တာ ]

YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||
General Fictionဖန် ထွမ်စလေးရှင်း Main story