Chapter 123

32.5K 3.9K 346
                                    

Unicode

《 လမ်းမှားခြင်း 》ထွက်လာပြီ၊ မုန့်လော့နာမည်ကြီးလာတယ်၊
__________________________________

ဆုကိုင်ကာပြုံးနေသော ကျန်းမော့ချန် Chibi Versionပုံလေးဆွဲပြီးနောက် ယန်းချင်းချီ ကျန်းမော့ချန်ဆီ ဓာတ်ပုံရိုက်ပို့လိုက်သည်။

သူ စားပွဲပေါ်လေးမေးထောက်ကာ စဥ်းစားနေမိသည်။ ကျန်းမော့ချန်ကတော့ အမျိုးသားဇာတ်ဆောင်ဆု နှစ်ဆုရသွားပြီ။ သူရော ဘယ်တော့မှရမှာလဲ။ ဖုမင်ကျီးရေ အကောင်းဆုံးပြင်ဆင်ပြီးသွားပြီလား။ သူရောတကယ်ကြီး အဲ့ကားနဲ့ဆုရနိုင်ပါ့မလား။

သူ စာရွက်ပေါ်က ကျန်းမော့ချန်ပိစိလေးကို လက်ညှိုးဖြင့်ထိုးနေလိုက်ကာ သူရောဘယ်တော့များမှ ကျန်းမော့ချန်ကိုဖုန်းခေါ်ပြီး ''မော့ချန် ကျွန်တော်ဆုရတယ်'' ဆိုသည့် စကားတွေပြောနိုင်မလဲဟု တွေးနေမိသည်။

ကျန်းမော့ချန် ဆုရတယ်ဆိုသည့်သတင်းက Weiboပေါ် တောမီးလိုဟိုးလေးတကြော်ကြော်ပြန့်နှံ့သွားကာ ချက်ချင်း Hot Search ပေါ်ရောက်သွားပြီး Forumခေါင်းစဥ်တိုင်း ထိုအကြောင်းအရာကိုပဲဆွေးနွေးနေကြသည်။ ရှောင်ဖန်ဇီကျဲကျဲတို့ကလည်းအရမ်းကိုပျော်နေကြကာ သူတို့ကောကောဆုထပ်ရတာကို တစ်တိုင်းပြည်လုံးသိအောင် ကြော်ငြာပစ်မည်ဆိုသည့် အငြိုးဖြင့် တစ်​ယောက်ပြီးတစ်ယောက် မဲတွေထဖောက်ကြလေသည်။

ကျန်းမော့ချန်ဆုထပ်ရသည့်သတင်းကို အခွင့်ကောင်းယူကာ 《 လမ်းမှားခြင်း 》Weibo Pageကလည်း ဇူလိုင်၁၅ရက်နေ့မှာ 《 လမ်းမှားခြင်း 》ဇာတ်ကားကို ရုံတင်ပြသမည်ဖြစ်ကြောင်း တရားဝင်ကြေငြာလာခဲ့သည်။ 《 လမ်းမှားခြင်း 》ရုပ်ရှင်ထဲပါသည့် အနုပညာရှင်တိုင်း ထို Postကို Reblogပြန်လုပ်ကြကာ တစ်ဆက်တည်း ကျန်းမော့ချန်ကိုပါ ဂုဏ်ပြုပေးကြသည်။

《 လမ်းမှားခြင်း 》ဇာတ်ကား ရုံတင်တော့မည်ဟု ကြေငြာလိုက်ခြင်းက ထိုကားထဲမှာပါသည့်အနုပညာရှင်တွေအကုန်လုံး ဖွင့်ပွဲတက်ရမည်ဖြစ်ကာ အထင်ကရမြို့အနှံ့သွားပြီး အဖွဲ့လိုက် ပရိုမိုးရှင်းဆင်းပေးရမည်ဖြစ်သည်။ ဆိုလိုသည်က ကျန်းမော့ချန်ရှေ့ခြေထောက်မှာ ယန်းချင်းချီဆီဆုလေးပိုက်ရင်း ပျော်ပျော်ရွှင်ရွှင်ဖြင့် အောင်ပွဲခံဖို့ပြန်ရောက်လာသော်ငြား နောက်ခြေထောက်ကတော့ မြို့ပေါင်းစုံက စာနယ်ဇင်းရှင်းလင်းပွဲနှင့် Showမျိုးစုံတက်ဖို့ အပြင်ကို နောက်တစ်ခေါက်ထပ်ထွက်ရဦးမည်ဟုပင်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now