Unicode
မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ
__________________________________ကောင်းကင်ကြီးက ကြည်လင်နေကာ လေလည်းငြိမ်သည်။ ဒီနေ့က << လမ်းမှားခြင်း >> ရုပ်ရှင် ရိုက်ကူးသည့် ဒုတိယမြောက်နေ့လည်းဖြစ်သည်။ ယန်းချင်းချီ ခုံပေါ်တွင်ထိုင်နေကာ ရုပ်ရှင်ထဲက အရပ်သားဝတ်စုံ ဝတ်ပြီး ဒုတိယဇာတ်လိုက် ကျိုးဖန်နှင့် အခြေအတင် သရုပ်ဆောင်နေသော ကျန်းမော့ချန်ကို ကြည့်နေလိုက်သည်။ ကျိုးဖန်နေရာမှာ သရုပ်ဆောင်ရသည့် ကျိစစ်ရှင်းမှာ မနှစ်ကမှ နာမည်ကြီးလာခြင်းဖြစ်ကာ အသက်၂၈နှစ်ရှိပြီ ဖြစ်ပြီး ကျိုးဖန်အသက်နှင့် လုံးဝအံဝင်ခွင်ကျဖြစ်သည်။ ထိုအချိန်တွင် သူက ရွှေကိုင်းမျက်မှန်လေးတပ်ထားကာ မတုန်မလှုပ်မျက်နှာဖြင့် ဟော့ယွီမေးသမျှကိုပြန်ဖြေနေသည်။
''Cut!!! '' ဒါရိုက်တာအကျယ်ကြီးအော်လိုက်သည်။ ''ကျိစစ်ရှင်း မင်းခံစားချက်တွေ ဖော်ပြတဲ့နေရာမဟုတ်သေးဘူး မင်းအရမ်းကြီး စိတ်ကိုတင်းထားလွန်းတယ် နည်းနည်းလေးသဘာဝကျစမ်းပါ ရုပ်ရှင်ထဲမှာဆို မင်းက ကျန်းမော့ချန်ဇာတ်ကောင်နဲ့ အခြေအတင် အတွဲညီနေရမှာလေ အခုတော့မင်းက သူဦးဆောင်တဲ့အတိုင်း လိုက်နေမှန်း အရမ်းသိသာလွန်းနေပြီ ''
''ဟုတ်ကဲ့ '' ကျိစစ်ရှင်း ခေါင်းငြိမ့်ပြလိုက်သည်။ သူ ကျန်းမော့ချန်ကိုလည်း တောင်းပန်သလို ခေါင်းငြိမ့်ပြလိုက်ကာ ''တောင်းပန်ပါတယ် ချန်ကော အစ်ကိုကသရုပ်ဆောင်တာ အရမ်းကောင်းနေတော့ ကျွန်တော် နည်းနည်းစိတ်လှုပ်ရှားနေတာ ''
''ရပါတယ် စိတ်လျှော့ထား မင်းအစောပိုင်းက အခြေအနေလည်း မဆိုးပါဘူး ''
''ဟုတ်ကဲ့ '' ကျိစစ်ရှင်း သူ့ရဲ့စိတ်အခြေအနေကို ပြန်ညှိလိုက်ကာ ကျန်းမော့ချန်နှင့် နောက်တစ်ခေါက် သရုပ်ဆောင်ပြန်သည်။
သူတို့နှစ်ယောက် အပြန်အလှန် သရုပ်ဆောင်နေကြပုံကို ယန်းချင်းချီကြည့်ကာ သူလည်း ကျန်းမော့ချန်နှင့် ထိုကဲ့သို့ တန်းတူ သရုပ်ဆောင်ကြည့်ရန် စိတ်အားထက်သန်နေသည်။ သို့သော် သူရိုက်ရမည့်အခန်းကနည်းကာ သူ့ရဲ့အောင်မြင်မှုကလည်း မလုံလောက်သေးပေ။ ထို့အပြင် သူနဲ့ကျန်းမော့ချန်ရဲ့ ဆက်နွယ်မှုကို ဖုံးကွယ်ထားရသေးသည့်အပြင် လူသစ်ကလေးဆိုသည့် ဂုဏ်ပုဒ်ကလည်းရှိနေပြန်သည်။ ထို့ကြောင့် သစ်သားထိုင်ခုံလေးပေါ်မှာပဲထိုင်ကာ ဘယ်တော့မှရောက်လာမယ်မှန်း ဘယ်သူမှမသိသည့် သူ့အခန်းကိုရိုက်ဖို့ ဒါရိုက်တာခေါ်မဲ့ အချိန်ကိုသာ စောင့်မျှော်နေနိုင်တော့သည်။

YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||
General Fictionဖန် ထွမ်စလေးရှင်း Main story