Chapter 35.3

29.4K 4K 181
                                    

Unicode

ပြင်သစ်အနမ်း
__________________________________

အခုရိုက်မည့်အခန်းအား မနေ့ညက နှစ်ယောက်သား သေချာလေ့ကျင့်ပြီးသား ဖြစ်သည်။ မူလဇာတ်ညွှန်းအတိုင်းဆိုလျှင် တစ်ယောက်က အိမ်အတွင်းဘက်တွင်ရှိနေကာ နောက်တစ်ယောက်က အိမ်အပြင်ဘက်ကနေ ဝင်ခွင့်တောင်းတာနဲ့ စရိုက်ရမှာဖြစ်သည်။ သို့သော် ဇာတ်ညွှန်းရေးဆရာက သိပ်မကြာခင်ကပဲ ဇာတ်ညွှန်းကိုပြန်ပြင်လိုက်ကာ နှစ်ယောက်လုံးကို အိမ်အပြင်တွင် အရင်သရုပ်ဆောင်စေသည်။ ထို့ကြောင့် ဟော့ယွီက မုန့်လော့ပြန်လာမည်ကို အိမ်အပြင်ဘက်တွင်စောင့်နေကာ မုန့်လော့ပြန်ရောက်မှ စကားအနည်းငယ်ပြောပြီး နှစ်ယောက်သား အိမ်ထဲအတူဝင်၍ ပြောစရာရှိတာများ ဆက်ပြောကြမည်ဖြစ်သည်။

ဒီနေ့ သူတို့ရိုက်မည့်အခန်းမှာ အပြင်မှာရိုက်ရမည့်အခန်းဖြစ်သည်။ မုန့်လော့အိမ်ပြန်လာပြီးနောက် အပြင်မှာစကားခဏရပ်ပြောကြပြီး ဟော့ယွီက လှေကားပေါ်လိုက်တက်သွားသည့်နေရာမှာဆုံးမည်။ ထိုအခန်းက ပြောစရာစကားလည်း သိပ်မရှိသည့်အပြင် လေ့ကျင့်ဖူးပြီးသားလည်း ဖြစ်တာကြောင့် ရိုက်ရတာအဆင်ချောနေသည်။ ကျန်းမော့ချန်ကလည်း တောင်းဆိုထားသည့်အတိုင်း ယန်းချင်းချီသရုပ်ဆောင်ပုံကို လိုက်ထိန်းညှိပေးနေကာ ယန်းချင်းချီကလည်း ဇာတ်ကောင်ထဲနစ်ဝင်သွားပြီးဖြစ်တာကြောင့် သူတို့တစ်ခါထဲ ရိုက်ရုံနဲ့ကို ထိုအခန်းက  ပြီးစီးသွားသည်။

ဒါရိုက်တာဝမ်မှာ အရမ်းကျေနပ်သွားကာ လူတိုင်းကိုအလုပ်နားပြီး ထမင်းသွားစားစေသည်။ ပြန်လာရင် ညဘက်မှရိုက်လို့ရမည့်အခန်းတွေကို ရိုက်ရမှာဖြစ်သည်။

ယန်းချင်းချီမှာ ညဘက်ရိုက်ဖို့အခန်းမရှိသော်လည်း သူများတွေ ဘယ်လိုသရုပ်ဆောင်ကြလဲဆိုတာကို ကြည့်ပြီး အတွေ့အကြုံယူချင်သေးသည်။ ထို့ကြောင့် ညစာစားပြီးနောက် သူကဟိုတယ်ကို ​မပြန်ခဲ့ပါ။ ထို့အစား ခုံလေးတွင်ထိုင်ကာ ကျန်းမော့ချန်နှင့်ကျောက်ချန် ဘယ်လိုမျိုးသရုပ်ဆောင်နေကြတယ် ဆိုတာကိုသာ ဆက်ကြည့်နေခဲ့သည်။

မြောက်ဘက်ဒေသရှိ ညနေခင်းများက အလွန်ကိုချမ်းအေးသည်။ သူ့ရဲ့လက်ထောက်လေးက ထူထဲတဲ့ဂျာကင်ကြီးကို သူ့ပုခုံးပေါ်လွှမ်းပေးလာကာ နို့ပူပူလေးတစ်ခွက်ကို ကမ်းပေးသည်။ ယန်းချင်းချီမှာ တစ်စုံတစ်ယောက်က သူ့အပေါ် လိုလေသေးမရှိဂရုစိုက်ပေးတာကို ကျင့်သားမရသေးတာကြောင့် နို့ခွက်လေးကိုလှမ်းယူလိုက်ကာ

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now