Chapter 33

29.2K 4.1K 194
                                    

Unicode

ခင်ဗျားကို ဖက်ထားချင်စိတ်တွေ ဖြစ်လာစေတယ်__
__________________________________

ကျိစစ်ရှင်း လှေကားအစွန်းတွင်မှီကာ ယန်းချင်းချီ အငြင်းခံရပြီး ပြန်လှည့်လာမည့်အချိန်ကို စောင့်နေခဲ့သည်။ ထိုအချိန်ရောက်လာလျှင် သူကစေတနာသဒ္ဒါတရား ထက်သန်နေသည့် ရောင်ခြည်များနှင့် ဝင်ကူညီလိုက်မည်ဖြစ်ကာ သူ့ဘက်ပါလာအောင် ဆွဲဆောင်လိုက်မည်။

ယန်းချင်းချီ လက်ကိုမြှောက်ကာ တံခါးခေါက်နေသည်အား သူလှေကားနားကနေတွေ့လိုက်ရသည်။ __ အရမ်းကောင်းတယ်။ ခဏနေ ကျန်းမော့ချန်ထွက်လာပြီး စကားနည်းနည်းပြောကာ ထိုကောင်လေးကိုထွက်သွားစေလိမ့်မည်။

မျှော်လင့်ထားတဲ့အတိုင်း သိပ်မကြာခင်မှာပဲ ကျန်းမော့ချန် တံခါးလာဖွင့်သည်။ ကျိစစ်ရှင်း မျှော်လင့်တကြီးဖြင့် ဆက်ကြည့်နေခဲ့သည်။ ကျန်းမော့ချန်စကား အနည်းငယ်ပြောနေကာ ပြောလို့အပြီးမှာတော့ __ ဟုတ်ပြီ တံခါးပိတ်လိုက်တော့!

ထိုကဲ့သို့တွေးနေသော်လည်း ယန်းချင်းချီက ကျန်းမော့ချန်အခန်းထဲ တန်းတန်းမတ်မတ်ဝင်သွားသည်ကို မျက်မြင်တွေ့လိုက်ရသည်။

နောက်တော့ တံခါးပါပိတ်သွားသည်။

ကျိစစ်ရှင်း မယုံကြည်နိုင်စွာဖြင့် လှေကားနားတွင် ​ကြောင်အ၍ကျန်ခဲ့သည်။ ___သူတကယ်ကြီးဝင်သွားတယ်! သူ့ကျတော့ အခြားလုပ်စရာကိစ္စတွေရှိသေးတယ်ဆိုပြီး ငြင်းလိုက်တယ် ဒါပေမဲ့လူသစ်လေးကျ ပေးဝင်တယ်!!

ကျိစစ်ရှင်း သိက္ခာအချခံလိုက်ရသလို ခံစားလိုက်ရတာကြောင့် သူ့လက်သည်းတွေ အသားထဲစိုက်ဝင်သည်အထိ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

____ဘာလို့လဲ။ ယန်းချင်းချီကျဝင်လို့ရပြီး ဘာလိုငါကျဝင်လို့မရရတာလဲ။ ဘယ်တွေထပ်မလုံလောက်သေးလို့လဲ။ ဒီနှစ်ရက်အတွင်း ဒီလောက်ခယပြီး အကြိုက်လိုက်ပေးနေတဲ့အပြင် 'ကော' 'ကော'နဲ့ ခေါ်ပေးနေတာတောင် သူလုပ်သမျှအရာတိုင်းက တခါမှစကားမပြောဖူးတဲ့ လူသစ်လေးလောက် အရေးမပါဘူးလား။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now