Chapter 46

28.8K 3.9K 123
                                    

Unicode

မျက်နှာချင်း ဆိုင်ပြီး ဖက်အိပ်ကြရအောင်
__________________________________

ယန်းချင်းချီ တဖက်လူကို ခဏလောက်ငေးကြည့်နေလိုက်ကာ ပွင့်ပွင့်လင်းလင်း ဝန်ခံလာခဲ့သည်။

''နည်းနည်း ''

ယန်းချင်းချီ သူ့မေးခွန်းကို ပြန်မဖြေလောက်ဘူး ဒါမှမဟုတ် မေးခွန်းကိုမေးခွန်းဖြင့် ပြန်တုံ့ပြန်လာလိမ့်မည်ဟု ထင်ထားခဲ့သော်ငြား တဖက်လူမှာ ပွင့်လင်းစွာ ပြန်ဖြေလာခဲ့သည်။ အကြောင်းကြောင့် ကျန်းမော့ချန် နှလုံးသားထဲ ပျော်ရွှင်မှုအနည်းငယ်မှာ ကဆုန်ပေါက်ကခုန်နေခဲ့၏။ သူကိုယ်တိုင်တောင် သတိမထားမိပဲ ပြုံးနေခဲ့ကာ စိတ်အခြေအနေမှာလည်း ပို၍ကြည်လင်လာပြီး စကားလုံးများကလည်း ပို၍ညင်သာနူးညံ့သွားသည်။

''ဒီည ကိုယ့်နေရာကိုသွားချင်လား ''

ကျန်းမော့ချန်ဆိုလိုသည့် 'ကိုယ့်နေရာ' ဆိုသည်မှာ သူတို့အရင်တစ်ခေါက်သွားခဲ့ဖူးသည့် ကျန်းအိမ်တော်ပိုင် ဟိုတယ်ကိုပြောခြင်းဖြစ်သည်။

ယန်းချင်းချီ 'ကျွတ်ကျွတ်' ဟု စုတ်သပ်လိုက်ကာ

''ကျန်းမော့ချန် တဏှာအကြောင်းမတွေးခင် ထမင်းဝအောင်စားပြီး ဗိုက်လေးအရင်ဖြည့်၊ နေ့လည်စာတောင်မကုန်သေးဘူး ညစာကိုစဥ်းစားနေပြီ ခင်ဗျား ဒီပုံစံနဲ့ ဟိုင်းဝေးလမ်းမပေါ် ဘယ်လိုလုပ် မိုင်ကုန်တင်မောင်းနိုင်မှာလဲ ''

ကျန်းမော့ချန် ထိုအမေးကို ခဏလောက်တွေးတောနေလိုက်ကာ ရွှတ်နောက်နောက်လေသံဖြင့် ပြောလာသည်။

''ကြည့်ရတာ မင်းကိုမြင်ရုံနဲ့တင် ဗိုက်ပြည့်သွားလို့ဖြစ်မှာပေါ့ ''

ယန်းချင်းချီ မျက်ခုံးပင့်မိလိုက်သည်။

ကျန်းမော့ချန် ဝက်နံရိုးကို တူဖြင့်ညှပ်ကာ သူ့ပန်းကန်ထဲထည့်ပေးလာသည်။ မျက်လုံးထဲ ရွှင်မြူးရိပ်များဖြတ်သန်းနေကာ ညင်သာနွေးထွေးသည့် လေသံဖြင့် ရှားရှားပါးပါးချီးကျူးလာခဲ့သည်။

''မျက်စိ အစာကျွေးတဲ့အတွက် ''

ယန်းချင်းချီကလည်း တုံ့ဆိုင်းမနေပါဘူး။ ထည့်ပေးလာသည့် ဝက်နံရိုးကိုကိုက်လိုက်ကာ စိတ်ကျေနပ်သွားသလို ခေါင်းငြိမ့်လာသည်။ တစ်စက်ကလေးတောင် ရှက်ရွံ့ခြင်းမရှိပဲ ကိုယ့်ကိုကိုယ်ပြန်ချီးကျူးလာခဲ့သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now