Chapter 117

24.6K 3.5K 233
                                    

Unicode

ကျိုးယွမ်တို့ရဲ့ခွေးသွေးဒရမ်မာ၊ ယန်းချင်းချီပုံတွေ ကူးချခံရတယ်တဲ့
__________________________________

ကျိုးရီရှင်း သူ့ညီမလေးကိုအိမ်ပြန်ပို့ပြီးသည်နှင့် အပြင်ထွက်ဖို့ပြင်လိုက်သော်ငြား သူ့အစ်ကိုကြီးနဲ့ထိပ်တိုက်သွားတိုးသည်။ သူက တစ်ဖက်လူအား ချန်ကောဟုစနှုတ်ဆက်ဖို့ပြင်လိုက်ချိန် ဘလိုင်းကြီး အထိုးခံလိုက်ရလေသည်။

နည်းနည်းလေးဖူးယောင်သွားသည့် နှုတ်ခမ်းထောင့်ကိုကျိုးရီရှင်းထိလိုက်ကာ သူ့အစ်ကိုကြီးကို မယုံနိုင်သလိုပြန်ကြည့်ရင်း

'' ဒါဘာလုပ်တာလဲ ရူးသွားပြီလား ''

ကျိုးရီချန်က သူ့ကော်လံကိုဆောင့်ဆွဲကာ နံရံမှာဖိကပ်ထားရင်း

''ကျိုးရီရှင်း စောက်ဖြစ်မရှိပေမဲ့ သူများမိန်းမကျသွားကြူတတ်တယ်ဟုတ်လား ဘာလဲ မင်းကိုနိုင်ငံခြားပို့ပြီးပညာသင်ခိုင်းလိုက်တာ ဟိုက သူများလင်ငယ်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းတွေပဲ သင်လွှတ်လိုက်တာလား ''

ကျိုးရီရှင်းအံ့သြသွားကာ ပါးစပ်ကနေ 'အစ်ကိုဘယ်လိုလုပ်သိတာလဲ' ဟုလွှတ်ခနဲထွက်မိတော့မလိုဖြစ်သွားသည်။ သို့သော် ဘာမဆိုတုံ့ပြန်မှုမြန်သည့် သူ့စိတ်အခြေအနေကြောင့် ထိုမေးခွန်းကိုအမြန်ပြန်မျိုချလိုက်ကာ ကျိုးရီချန်ကိုပဲမဝင့်မရဲကြည့်နေလိုက်သည်။

ကျိုးရီချန် တဖက်လူ၏ ထိုကဲ့သို့အမူအရာကိုမြင်သည်နှင့် ကျန်းမော့ချန်ပြောသွားတာတွေက အမှန်တွေမှန်း ချက်ချင်းသိလိုက်သည်။ ဒီခွေးကောင်! သူ့မှာ ဘာလို့ ဒီလိုစောက်သုံးမကျတဲ့ညီတစ်ကောင်ရှိနေရတာလဲ!

ကျိုးရီချန် ကျိုးရီရှင်းကို သေချာစိုက်ကြည့်ကာ ရက်ရက်စက်စက်ရာဇသံပေးလိုက်သည်။

''သေချာနားထောင်ကျိုးရီရှင်း အပြင်မှာ မင်းဘာသာမင်းကစားရုံမကလို့ ရူးရူးနှမ်းနှမ်း ငါတစ်စက်ကလေးမှစိတ်မဝင်စားဘူး ဒါပေမဲ့ မင်းလုပ်ရပ်တွေက ငါနဲ့ကျိုးမိသားစုကိုထိခိုက်လာရင် မင်းကိုထိပ်ဆုံးကနေသတ်ပစ်မဲ့လူကငါပဲ ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now