Chapter 138

21K 3.3K 291
                                    

Unicode

ချစ်သူတွေ ပြန်ဆုံပြီဆို အင်မတန် ချိုမြိန်တယ်
________________________________

လူနာနှစ်ရဲ့ ၁၂လပိုင်း ၂၉ရက်နေ့မှာ ယန်းချင်းချီတို့ရိုက်ကွင်းက တရားဝင်အနားပေးခဲ့သည်။ ယန်းချင်းချီ ရုပ်ရှင်ရိုက်နေတဲ့နေရာနဲ့ Xမြို့ကအရမ်းကြီးမဝေးသည့်အပြင် တနေ့ထဲကားမောင်းသွားတာနဲ့ ရောက်နိုင်သည့် အကွာအဝေးဖြစ်နေတော့ လေယာဥ်တွေ၊ကားတွေအဆင့်ဆင့်ပြောင်းစီးမနေတော့ပဲ ခရီးတစ်လျှောက်လုံးကို ကားမောင်းပြီးသွားဖို့သာ ကျန်းမော့ချန်ဆုံးဖြတ်လိုက်သည်။ ကျန်းရှင်းချန်၊ ဖေဖေကျန်း၊ မေမေကျန်းနဲ့ ယန့်ယန့်တို့က ကားတစ်စီး၊ ကျန်းမော့ချန်၊ ချီချီ၊ ပေါယန်နဲ့ ပေါဖုန်းတို့က ကားတစ်စီးစီစဥ်လိုက်သည်။

ချီချီနဲ့ယန်ယန်တို့သူငယ်ချင်းနှစ်ယောက်က ပထမဦးဆုံးနှစ်ယောက်အတူတူသွားဖူးသည့် ခရီးစဥ်လေးဖြစ်တာကြောင့် အရမ်းကိုစိတ်လှုပ်ရှားနေကြကာ လမ်းတစ်လျှောက်လုံး ကားနောက်ခန်းမှာ ရေပက်မဝင် တတွတ်တွတ် တွတ်ထိုးနေကြသည်။ ဆရာမပေးသည့်အိမ်စာကနေ လတ်တလောကြည့်နေသည့်ကာတွန်းကားအစ ဆော့နေသည့်ဂိမ်းတွေပါမကျန် နှစ်ယောက်သား အကြောင်းအရာတွေ တောင်ရောက်မြောက်ရောက်ဆွေးနွေးနေကြသည်။

ကျန်းမော့ချန် ကားနောက်ခန်းက ပန်းအနားဝဲနေသည့် ပျားလေးနှစ်ကောင်လို တဝီဝီအော်နေသော ကလေးနှစ်ယောက်ကို လှမ်းကြည့်လိုက်ကာ ချီချီနဲ့ ပျော်ပျော်ရွှင်ရွှင်စကားပြောနေသည့် ပေါယန်ဆီအကြည့်ခဏရောက်သွားပြီးနောက် ပေါဖုန်းဘက်လှည့်၍

''မင်းရဲ့ရည်းစားပေါက်စလေးနဲ့ ပြတ်သွားပြီလို့ကြားတယ် ''

ပေါဖုန်း ကူကယ်ရာမဲ့စွာပြောလာသည်။

''သူက ပေါကတော်အရမ်းဖြစ်ချင်နေတာလေ ငါကသူ့အပေါ်ကောင်းတာနဲ့ သူ့ကိုလက်ထပ်ယူမယ်လို့ပဲထင်နေတော့တာ လူတိုင်းကိုလည်း ငါကသူ့ကိုယူမှာလို့လိုက်ပြောထားတယ် အခုအားလုံးကသူ့စကားကိုယုံကုန်ကြပြီ ငါကလည်း အဲ့လို အကျိုးမျှော်ကိုးပြီး ပေါက်ကရပြောတတ်တဲ့မိန်းမတွေဆို အမုန်းဆုံးပဲ အဲ့ဒါကြောင့်ဖြတ်ပစ်လိုက်တာ ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now