Chapter 72

25.9K 3.7K 312
                                    

Unicode

ယန်းချင်းချီရဲ့ မြှားပစ်စွမ်းရည်ကိုကြည့်ပြီး ကြာပန်းဖြူတစ်ယောက် တအံ့တသြတွေဖြစ်လို့
__________________________________

မိနစ်နှစ်ဆယ်ကြာပြီးနောက် အသင်းနှစ်သင်းစလုံး ခန်းမအလယ်မှာလာစုကြသည်။ စွင်းရွှင်တို့အနီအသင်းက အရင်စပစ်ရမည်ဖြစ်သည်။

ဝေ့လန်က ဦးဆောင်ရှေ့ထွက်လာကာ လေးနဲ့မြှားကိုကိုင်ပြီး ပစ်လိုက်သည့်အခါ အလယ်တည့်တည့်ပစ်မှတ်ကိုသွားထိသဖြင့် အနီအသင်းတို့အားတက်သွားကြသည်။ ထို့နောက် စွင်းရွှင်းထွက်လာသည်။ ပရိုမကျသော်ငြား ဆော့ဖူးတာကြောင့် ၇မှတ်ဖြင့် ရလာဒ်ကောင်းလေသည်။ ထို့နောက် ယွမ်မင်ရွှိအလှည့်ဖြစ်သည်။ ကျန်းမော့ချန်ကျေးဇူးတော်ကြောင့် သူလည်း ၇မှတ်တန်စက်ဝိုင်းကိုသွားထိလေသည်။ ယွမ်မင်ရွှိတစ်ယောက် သူ့ရလာဒ်သူကြည့်ပြီး စိတ်ကျေနပ်သွားကာ အားရသလိုပြုံးလိုက်သည်။ ထို့နောက်ယန်းချင်းချီဆီ ခေါင်းကို မသိမသာလှည့်သွားပြီး မာန်ချီနေသည့် ဝင့်ကြွားကြွားအကြည့်လေးဖြင့် လှမ်းကြည့်လာသည်။

ယွမ်မင်ရွှိက ယန်းချင်းချီအကြောင်းကို ဂဃနဏသိပ်မသိပါ။ သူသိသည့်အကြောင်းအရာများမှာ ယန်းချင်းချီအနားနေသည့် ကျန်းမော့ချန်နှင့်စွင်းရွှင်တို့ဆီမှ ချီးကျူးစကားအချို့သာဖြစ်ပြီး သူတတ်နိုင်သလောက်ရှာထားသည့် အချက်အလက်အချို့တို့ပင်။ ထိုထဲတွင် ကွမ်မေတမင်တကာဖျက်ထားသည့် အချက်အလက်တို့မပါပါ။

ထို့ကြောင့် ယွမ်မင်ရွှိအမြင်မှာ ယန်းချင်းချီက အနုပညာကျောင်းကနေ မနှစ်ကမှဘွဲ့ရထားသည့် သာမန်ဘွဲ့ရကျောင်းသားတစ်ယောက်ထက်မပိုပေ။ ငယ်ငယ်လေးကတည်းက စေ့စပ်ကြောင်းလမ်းမှုရှိထားသဖြင့် ကံကောင်းပြီး ကျန်းမော့ချန်နှင်လက်ထပ်လိုက်ရခြင်းသာ။ ထို့ကြောင့် အခုအချိန်မှာ ယန်းအိမ်က မွဲတေစုတ်ပြတ်နေလျှင်တောင် ကျန်းမော့ချန်နှင့် အောင်အောင်မြင်မြင်လက်ထပ်နိုင်မှာဖြစ်သည်။. မဟုတ်ရင် ဒီလိုစုတ်ပြတ်ပြတ်ကုမ္ပဏီကနေ နန်ချန်ကိုဝင်လာခွင့်ရမယ်တဲ့လား။ အနုပညာလမ်းကြောင်းကဒီလိုဖြောင့်ဖြူးနေမယ်တဲ့လား။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now