Chapter 116

25.8K 3.4K 212
                                    

Unicode

ပေါယန်နဲ့ယန်းချင်းချီတို့ရဲ့ ညစကားဝိုင်း၊ ကျန်းမော့ချန်နဲ့ကျိုးရီရှင်းတို့ ထိပ်တိုက်တွေ့ဆုံခြင်း
_________________________________

နှစ်ယောက်သားဆော့လို့ဝတဲ့အထိစောင့်ပြီးမှ ကျန်းမော့ချန် သူတို့ကိုယ်ပေါ်က ဆပ်ပြာမြုပ်တွေရေဆေးချပေးလိုက်ကာ ကိုယ်စီ ရေခြောက်သွားအောင် Towelဖြင့်လိုက်သုတ်ပေးရင်း ညအိပ်ဝတ်စုံလဲပေးလိုက်သည်။

ချီချီကရေချိုးပြီးတာနဲ့ အိပ်ချင်လာသဖြင့် အိပ်ယာဝင်နှင့်နေပြီဖြစ်သည်။ ပေါယန်ကတော့ ရေသောက်ချင်တာကြောင့် အခန်းထဲပတ်ကြည့်လိုက်တော့ ချီချီ့ရေဘူးမှာလည်းရေကုန်နေသဖြင့် အောက်ထပ်ကိုဆင်းလာလေသည်။

ယန်းချင်းချီက ရုတ်တရက်ကြီး လိမ္မော်သီးစားချင်လာသည်။ သို့သော် အခန်းထဲကရေခဲသေတ္တာထဲမှာပန်းသီးတွေပဲကျန်နေတာကိုတွေ့တော့ အောက်ထပ်ဆင်းလာရတော့သည်။ အရင် ဘာစားချင်ချင် ကျန်းမော့ချန်လုပ်ပေးနေကျဆိုသော်ငြား အခု ကလေးနှစ်ယောက်က ရေချိုးခန်းတစ်ခုလုံးကိုချောအောင် ဆော့ထားတာကြောင့် နောက်နေ့ရေချိုးခန်းထဲဝင်လျှင်ချော်လဲမှာစိုးသဖြင့် ကျန်းမော့ချန်ကသန့်ရှင်းရေးလုပ်နေရသည်။ ထို့ကြောင့် ယန်းချင်းချီကိုယ်တိုင်ကိုယ်ကျပဲ အောက်ထပ်ဆင်းလာကာ လိမ္မော်သီးအချို့ယူပြီး ဧည့်ခန်းထဲမှာအခွံနွှာစားနေလိုက်သည်။

ပေါယန်အောက်ဆင်းလာတာကိုတွေ့တော့ ကလေးဆီလိမ္မော်သီးအချို့လှမ်းပေးလိုက်ကာ

''စားဦးမလား ''

ပေါယန်ကခေါင်းခါသည်။

''သွားတိုက်ပြီးပြီ ''

ယန်းချင်းချီလည်း ကလေးကိုအကျင့်ဆိုးတွေကူးသွားမှာမလိုလားသဖြင့် သူ့ဘာသာသူပဲဆက်စားနေလိုက်ကာ

''ဒါဆို မနက်ဖြန်ကျ ချီချီ့ကိုလိမ္မော်သီးတွေထည့်ပေးလိုက်မယ် ကျောင်းရောက်ရင်အတူတူစားပေါ့ ဟုတ်ပြီလား ''

ချီချီ့ရဲ့မိဘတွေက အသီးဒါမှမဟုတ် တခြားမုန့်တွေထည့်ထည့်ပေးတတ်တာကြောင့် ထိုစကားကသူ့အတွက်အဆန်းကြီးတော့မဟုတ်ပါ။ ချီချီကလည်း မုန့်တွေပါလာပြီဆိုအရမ်းသဘောကောင်းသည်။ သူ့ကိုရော တခြားကလေးတွေကိုပါ ရက်ရက်ရောရောခွဲပေးသည်။ ပေါယန်မုန့်တွေကိုကြည့်ရင်း သူ့ပါးပါးလည်း အဲ့လိုလေးသာသူ့ကိုမုန့်ထည့်ပေးရင် ဆိုပြီး တွေးလိုက်မိသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now