Chapter 129

26.9K 3.5K 300
                                    

Unicode

ယန်းချင်းချီရဲ့ ဇာတ်ကားသစ်က အတည်ဖြစ်သွားပြီ၊ လင်လင်နှစ်ယောက် ကျင်းကွေ့ဆုပေးပွဲမှာ စကာတင်ဝင်တယ်တဲ့
__________________________________

ယန်းချင်းချီ အားပြန်ပြည့်ဖို့အတွက် အိမ်မှာ နောက်ထပ်နှစ်လလောက် အနားထပ်ယူလိုက်ရသည်။ သို့သော် ကလေးနှစ်ယောက်ကို အဖော်ပြုလိုက်၊ ပုံဆွဲလိုက်ဖြင့် ပျင်းဖို့အချိန်တောင်မရလိုက်ပါ။ ၁၁လပိုင်းမှာတော့ ဖုမင်ကျီးဖုန်းခေါ်လာကာ ဘယ်အချိန်လောက်ရုပ်ရှင်စရိုက်နိုင်မလဲဟု မေးလာခဲ့သည်။

ယန်းချင်းချီ ထိုအမေးကြားသည်နှင့် တော်တော်လေး အံ့သြသွားလေသည်။ 

''ကျွန်တော့်ကို ရွေးလိုက်တာလား ကျွန်တော် တကယ်ကြီး ခေါင်းဆောင်မင်းသားနေရာကနေ သရုပ်ဆောင်ရတော့မှာလား ''

''မဟုတ်ရင် ကျွန်မက ရှင်နေပြန်ကောင်းလာတဲ့အထိ ဘာလို့ အကြာကြီးစောင့်နေရမှာလဲ '' ဖုမင်ကျီး ပြန်မေးလာသည်။

''ကျွန်တော့်အချိန်က အဆင်မပြေတော့ ဒါရိုက်တာဖုတစ်ယောက်ယောက်ကိုရွေးလိုက်ပြီလို့ ထင်လိုက်တာ ''

''အစကတော့ အဲ့လိုတွေးမိသေးတာပဲ ဒါပေမဲ့ အချိန်ယူပြီးစဥ်းစားကြည့်လိုက်တော့ လူရွေးဝင်ဖြေတဲ့လူတွေထဲမှာ ရှင်ကကျွန်မဇာတ်ကောင်နဲ့ အသင့်တော်ဆုံးပဲလို့ထင်မိလို့ ကျွန်မ မုန့်လော့ကိုလည်းကြည့်ပြီးပါပြီ တချို့နေရာတွေမှာ အရောင်တင်ပေးဖို့ နည်းနည်းလိုအပ်နေပေမဲ့ နောက်ဆုံးအခန်းကတော့ အရမ်းမိုက်တယ် ရှင် နောက်ဆုံးအခန်းကိုသရုပ်ဆောင်ပြသွားတာ ကျွန်မအရမ်းသဘောကျတယ် ''

''ကျေးဇူးတင်ပါတယ် ''

''မလိုပါဘူးရှင် အဲ့တော့ ရှင် ဘယ်အချိန်လောက်စရိုက်နိုင်မလဲ ဒီတစ်နှစ်လုံးအဆင်မပြေဘူးလို့ ပြောခဲ့တယ်မလား နောက်နှစ် ဇန်နဝါရီလောက်ဆိုရင်ရော အဆင်ပြေနိုင်မလား ''

''အဲ့လောက်ဆို ရလောက်ပါပြီ ကျွန်တော် ကျန်းမော့ချန်နဲ့ပြောပြီး ပြန်အတည်ပြုပေးပါ့မယ် ''

''ဟုတ်ပြီလေ ဒါဆို အဖြေရတာနဲ့ ကျွန်မကို မြန်မြန်လေးပြန်ပြီး အတည်ပြုပေးစေချင်ပါတယ် ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now