Chapter 135

22.1K 3.4K 161
                                    

Unicode

ဒီလောကက ကိုယ့်ထက်မြင့်တဲ့လူကို ကိုးကွယ်ပြီး၊ ကိုယ်ထက်နိမ့်တဲ့လူကို တက်နင်းနေကျ
_________________________________

ဆူးချင်းတစ်ယောက် မျက်စိပျက်မျက်နှာပျက်ဖြင့် ဖုန်းလိုက်ရှာနေတာကိုမြင်တော့ ရှောင်ဟော သူကောက်လာသည့်ဖုန်းကို ထုတ်ပေးလာကာ

'' ဒါကိုလိုက်ရှာနေတာလား ''

ဆူးချင်း သူ့ကိုအံ့သြတကြီးလှည့်ကြည့်ရင်း

'' ကျေးဇူးတင်ပါတယ် ကောကော ကောကောက အရမ်းကြင်နာတတ်တာပဲ ''

သူမဖုန်းကိုလှမ်းယူလိုက်ကာ ဖုန်းမျက်နှာပြင်ကကွဲရာ၊အက်ရာတွေမရှိပဲ အကောင်းတိုင်းရှိနေတာကိုမြင်တော့ ယန်းချင်းချီအနား ရှက်နေသည့်မျက်နှာလေးဖြင့် အိပဲ့အိပဲ့လျှောက်လာပြီး

''ဒါဆို ညီမလေးရိုက်ပြီနော် ''

ယန်းချင်းချီခါးကိုကိုင်းကာ သူမနဲ့တစ်ရပ်ထဲညီအောင်ညှိပေးလိုက်သည်။ ဆူးချင်းကလည်း ဖုန်းထဲက Selfie Cameraဘက်လှည့်ရင်း အလင်းအမှောင် ဟိုချိန်ဒီချိန်လုပ်ပြီးနောက် အပြုံးလေးဖြင့် ရိုက်သည့်ခလုတ်ကိုနှိပ်လိုက်သည်။

''ကျေးဇူးတင်ပါတယ် လင့်ကောကော '' သူမက ဖုန်းကိုကိုင်ရင်း ပျော်ပျော်ရွှင်ရွှင်လေးပြောလာသည်။

ယန်းချင်းချီ ခါးပြန်မတ်လိုက်ကာ အပြုံးလေးဖြင့်

''ရပါတယ် ''

ဒီနေ့က သူမအတွက် အလွန့်အလွန်ကံကောင်းတဲ့နေ့တစ်နေ့ဖြစ်လာလိမ့်မည်ဟု ဆူးချင်းမထင်ထားခဲ့မိပါ။ သူမကောင်လေးက ဘယ်လောက်တောင်ကြင်နာလိုက်သလဲ ကြည့်ကြစမ်းပါဦး။ ဆူးချင်းတစ်ယောက် ပြုံးဖြီးနေသည်မှာ ပါးချိုင့်တွေပါပေါ်လာတဲ့အထိ။ သူမ ရှက်ကိုးရှက်ကန်းလေသံလေးဖြင့်

''ဒါဆို ညီမလေးတို့အရင်သွားနှင့်တော့မယ်နော် လင့်ကောကော ရိုက်ကွင်းထဲ ပြန်ဆုံကြမယ် ''

ယန်းချင်းချီ ခေါင်းငြိမ့်ပြတာမြင်တော့ ဆူးချင်း ကျန်းရှောင်မင်လက်ကိုဆွဲကာ သူတို့နဲ့ဝေးရာကိုထွက်သွားလေသည်။

သူမဆွဲခေါ်သွားတာခံလိုက်ရသည့် ကျန်းရှောင်မင်တစ်ယောက် လမ်းတစ်ဝက်လောက်ရောက်မှ အသိပြန်ဝင်လာသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now