Chapter 167

18.5K 2.6K 138
                                    

Unicode

ဖေ့ကျင့်ယွီ ယန်းချင်းချီကို ပြဿနာရှာခြင်း၊ ကျန်းမော့ချန် : ငါက သူ့ကိုမှမျက်နှာမလိုက်ရင် ဘယ်သူ့ကို မျက်နှာလိုက်ပေးရမှာလဲ
__________________________________

ယန်းချင်းချီ ခေါင်းခါပြလိုက်ကာ မနာသည့်အပြင် ပိုလို့တောင်ပျော်စရာကောင်းနေသေးသည်ဟု တွေးလိုက်မိသည်။

'' ကျွန်တော် ငယ်ငယ်က အကသင်တုန်းကတောင် ဒီလိုအမှားမျိုးမလုပ်ဖူးဘူး အခုကြီးလာမှပဲ ခြေထောက်တက်နင်းရတာနဲ့ တစ်ယောက်နဲ့တစ်ယောက်ဝင်တိုက်ရတာနဲ့ ''

'' ဆိုလိုတာက မင်းအရွယ်ရောက်လာပြီလေ ''

(T/N: He means လူကြီးဆိုတာအမှားလုပ်တတ်တယ်)

ယန်းချင်းချီ ပုခုံးတွန့်ပြလိုက်ကာ သူ့ဘေးကအတွဲတွေ နောက်ဆုံးကကွက်ကနေတာကို မျက်လုံးထောင့်ကနေမြင်လိုက်ရလေသည်။ ကောင်မလေးက တစ်ပတ်လှည့်ကာ ကောင်လေးရင်ခွင်ထဲ နောက်ပြန်လှဲချလိုက်သည်။ တချို့ကျ နမ်းနေကြသည်။ တချို့ကျ ပြုံးရယ်နေကြသည်။

ယန်းချင်းချီ ကျန်းမော့ချန်ပုခုံးကို ပုတ်လိုက်ကာ

'' လာ ကျွန်တော်အဲ့ဒါလုပ်နိုင်တယ် လုပ်ကြည့်ကြရအောင် ''

ကျန်းမော့ချန် တဖက်လူကို နင့်နင့်နဲနဲကြည့်ပြီး လက်မြှောက်လိုက်သည်။ ယန်းချင်းချီ ထိုလက်ကိုဆုပ်ကိုင်ကာ တစ်ပတ်လှည့်လိုက်ပြီးနောက် ကျန်းမော့ချန်ကိုမော့ကြည့်ရင်း

'' နောက်တစ်ဆင့်မလုပ်တော့ဘူး ''

'' ကိုယ်လုပ်မယ် '' ကျန်းမော့ချန် ယန်းချင်းချီကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ ကိုယ်ကိုအနည်းငယ်ကိုင်းစေသည်။

ယန်းချင်းချီ မအူမလည်လေးမော့ကြည့်လိုက်ချိန် ကျန်းမော့ချန် ခေါင်းကိုငုံ့ကာ တဖက်လူရဲ့နှုတ်ခမ်းများကိုသိမ်းပိုက်လိုက်လေသည်။ ယန်းချင်းချီအနမ်းခံနေစဥ် လာပြန်ပြီ ဒီလိုအကွက်မျိုးဟု မတွေးပဲမနေနိုင်ခဲ့။ သို့သော် သူ့နှုတ်ခမ်းများမှာ သူတောင်မသိလိုက်ပါပဲ အဖျားစွန်းများကကော့တက်သွားကာ ကျန်းမော့ချန်နှုတ်ခမ်းကို ခပ်ဖွဖွလေးပြန်ကိုက်ရင်း လိုလိုလားလားတုံ့ပြန်လိုက်သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now