Chapter 128

25.1K 3.4K 166
                                    

Unicode

ယန်းချင်းချီနဲ့ ပေါယန်တို့ရဲ့ ဒုတိယမြောက် ညစကားဝိုင်းလေး
_________________________________

ဝေ့လန်က ဒီတစ်ခေါက်တော့ လက်ဗလာနဲ့လာခဲ့ခြင်းမဟုတ်ပါ။ သူနဲ့အတူ အသက်ရှည်သော့ဆွဲကြိုးနှစ်ကုံးပါ ပါလာခဲ့သည်။ ဒါက မွေးကင်းစကလေးအတွက် ပထမဆုံးအကြိမ် လက်ဆောင်ဝယ်ပေးခြင်းဖြစ်တာကြောင့် သူ ဘာဝယ်ပေးရမှန်းမသိသဖြင့် ဝေ့ရွှင်းကိုအကူအညီတောင်းလိုက်သည်။ သို့သော် ဝေ့ရွှင်းကိုယ်တိုင်ကလည်း ဘယ်ကလေးမှ လက်ဆောင်မဝယ်ပေးဖူးတဲ့အတွက် မြင်ဖူးတွေ့ဖူးနေကျ သာမန်အဖြေကိုသာပေးလိုက်လေသည်။

''အသက်ရှည်သော့ဝယ်ပေးလိုက်ပါလား ''

ဝေ့လန် လိုချင်တဲ့အဖြေရသည်နှင့် Mallကိုသွားကာ လက်ဝတ်ရတနာရောင်းသည့်ဆိုင်ထဲဝင်လိုက်သည်။ အစကတော့ ယန်းချင်းချီရဲ့မွေးကင်းစကလေးလေးအတွက်ပဲ ဝယ်ပေးဖို့စိတ်ကူးရှိသော်ငြား ဝယ်နေရင်းချီချီ့ကိုပါတွေးမိသဖြင့် နောက်တစ်ခုထပ်ဝယ်လိုက်လေသည်။

အဆုံးမှာတော့ ကလေးတွေအတွက် လက်ဆောင်ရွေးပေးရာတွင် အတွေ့အကြုံမရှိသဖြင့် ကြွယ်ဝချမ်းသာသည့် အိမ်တော်သခင်လေး ဝေ့လန်မှာ ဆိုင်ထဲကအလှဆုံးနဲ့စျေးအကြီးဆုံးကို ရွေးယူလာလိုက်သည်။

ယန်းချင်းချီ သူ့လက်ထဲက အပြစ်အနာဆာကင်းပြီး စိမ်းစိုလှပသည့် နဂါးသွေ့ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော အသက်ရှည်သော့ဆွဲကြိုးနှစ်ကုံးကိုကြည့်ကာ စျေးကလည်းမနည်းလောက်မှန်း ခန့်မှန်းလိုက်မိသည်။

ချီချီက အသက်ရှည်သော့ဝတ်သည့်အရွယ် ကျော်သွားပြီဖြစ်တာကြောင့် ရဖူးသမျှလက်ဆောင်တွေထဲမှာ ဒီလိုလက်ဆောင်မျိုးကိုမမြင်ဖူးသဖြင့် သူ့အတွက် အထူးအဆန်းဖြစ်နေရှာသည်။

''ဒါကဘာကြီးလဲ ''

''ဒါက အသက်ရှည်သော့လို့ခေါ်တယ် '' ဝေ့လန် ဘူးထဲကနေ ဆွဲကြိုးထုတ်လိုက်ကာ ကလေးလည်ပင်းမှာဆွဲပေးရင်း '' မင်း ဒါဝတ်ထားရင် အသက်၁၀၀အထိ နေရလိမ့်မယ် ''

''အသက်၁၀၀? '' ချီချီက မျက်လုံးပြူးလေးဖြင့် ဝေ့လန်ကိုတအံ့တသြကြည့်ကာ မေးလာခဲ့သည်။ '' အဲ့လောက်တောင် အစွမ်းထက်တာလား ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now