Chapter 80

28.2K 3.7K 491
                                    

Unicode

ကျန်းယန်း ပြန်ဆုံကြတော့မယ်၊ ယွမ်မင်ရွှိကတော့ ကိုယ့်သေတွင်းကိုယ်တူးနေပြန်ပြီ
_______________________________

တကယ်လည်း ယန်းချင်းချီနာမည်က လူသိများရေပန်းစားလာခဲ့သည်။ တစ်ပတ်အတွင်း  ပရိတ်သတ်တွေက အရုပ်အသစ်ရသွားသည့် ကလေးငယ်လိုမျိုး ယန်းချင်းချီအကြောင်း ဆွေးနွေးကြ၊ Postတင်ကြ၊ တံဆိပ်ပြားဖြတ်လုတဲ့ Videoတွေကို Editကြ၊ Screenshotတွေရိုက်ပြီး Trollကြနှင့် သူတို့မှာမျိုးစုံအလုပ်ရှုပ်နေကြသည်။ တချို့ဆို လေအလျင်နဲ့ တံဆိပ်ပြားဖြတ်လုထားသည့် Videoတွေကိုပဲ စုEditထားကာ 'မင်း နည်းနည်းလေးတောင် အားမနာမိဘူးလားကွာ' ဆိုသည့် Caption ကြီးတပ်ပြီး တင်ထားကြသည်။

အောက်မှာ ဝင်မန့်ထားကြသည်က : [လုံးဝပဲနော် တစ်စက်ကလေးမှကိုအားမနာဘူး ] [ဘယ်လောက်ပျော်စရာကောင်းသလိုက်လဲ] [ဘယ်လောက်ကြည့်ကောင်းလိုက်သလဲ!] တို့ပင်။

တချို့ကြတော့လည်း Screenshot တွေရိုက်ပြီး Emoji Packအဖြစ်လုပ်ကာ Trollထားကြသည်။ ပုံအောက်တွင်ထည့်ထားသောစာများက : [ဘာမှမမြင်လိုက်ရဘူး] [ဆရာလိုက်ဖမ်းနေပြီ ပြေး!!!] [Busကားမမှီတော့ဘူး ပြေး!!!!] [ရဲလိုက်နေပြီ ပြေး!!!!] [လေလူသား] စသည်တို့ပင်။

တချို့ပုံအောက်တွင် : [ 'ယန်းDelivery' အခုမှာ အခုရောက်၊ လေအလျင်ဖြင့် ချက်ချင်းပို့ပေးသည်။ ဆက်သွယ်ရန် Xxxxxxx ]

ဝေ့လန်တစ်​ယောက် ယန်းချင်းချီကို ထိုပုံတွေပြပြီး တဟားဟားအော်ရယ်နေတော့သည်။

ယန်းချင်းချီလည်း ပုံတွေကိုလိုက်ကြည့်လိုက်ကာ ဘာပြောရမှန်းတောင်မသိတော့ပေ။ ပရိတ်သတ်တွေက သူတို့တွေးထားသလိုမျိုး ဆိုးဆိုးရွားရွားတွေ ဝေဖန်မနေကြပဲ တက်တက်ကြွကြွ လိုက်Trollနေကြတာကိုပဲ ကံကောင်းတယ်ဟု ဖြေသိမ့်ရတော့မလိုလို။

တစ်ပတ်လုံး ဖြတ်လျှောက်ကအစ ယန်းချင်းချီFanအဆုံး ယန်းချင်းချီကိုဝအောင် Trollအပြီးမှာတော့ နိုဝင်ဘာလပထမအပတ် စနေနေ့မှာ 《 လာပါ၊သူငယ်ချင်း! တိုက်ခိုက်လိုက်ကြရအောင်! 》၏ ဒုတိယအပိုင်းကို ထုတ်လွှင့်သည်။ ဒီတစ်ခေါက်မှာလည်း ဒုတိယအပိုင်းပြလို့မပြီးသေးခင် ယန်းချင်းချီနာမည်က Hot Searchထဲရောက်သွားပြန်သည်။ စွင်းရွှင်အကြံပေးသလိုပဲ ပထမအပိုင်းမှာ ကောင်းကောင်းလုပ်ပြနိုင်ပြီး MVPရခဲ့တာကြောင့် ဒုတိယအပိုင်းမှာရော သူ့ပဲရဦးမှာလားဆိုသည့် မျှော်လင့်ချက်များဖြင့် ပရိတ်သတ်တွေအများကြီး စောင့်ကြည့်နေကြသည်။ ယန်းချင်းချီ တံဆိပ်ပြားလေးခုလုနိုင်ပြီး MVPရသွားတာကိုမြင်တော့ သူတို့မှာ '666'ရိုက်ပြီး မချီးကျူးပဲ မနေနိုင်ခဲ့။ တစ်ယောက်ပြီးတစ်ယောက် သက်ပြင်းသာချနိုင်တော့သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now