Unicode
နိုင်ငံခြားထွက်မယ်၊ အခန်းခွဲပေးရတာက ပြဿနာပဲ
________________________________နေ့လည်ပိုင်းမှာ အလံစိုက်ထားသည့်တောင်ထိပ်ကိုရောက်သွားကြသည်။ အလံမြင်တာနဲ့ မော့ရှောင်းရှောင်း ကျန်းနင်ဝေးကိုအဝေးဆွဲခေါ်သွားရင်း သူတို့ဘက်လှည့်အော်လာသည်။
''ကျန်းကော ယန်းကော အလံကို အစ်ကိုတို့အရင်ဆွဲနုတ်လိုက်ပါ အစ်ကိုတို့ပြီးမှ ညီမတို့အဲ့နားလာခဲ့မယ် ''
ကျန်းမော့ချန်နဲ့ ယန်းချင်းချီက အားနာပါးနာနဲ့ သူမတို့ကိုအလံတိုင်အရင်ဆွဲနုတ်ခိုင်းမှာစိုးသည့်အတွက် မော့ရှောင်းရှောင်း ဝေးဝေးကိုထွက်ပြေးသွားသည်။ ယန်းချင်းချီလည်း အားနာမနေတော့ပဲ အလံတိုင်ဆွဲနုတ်လိုက်လေသည်။
''အခု ဒီနားလာလို့ရပြီ ''
ထိုအခါမှ မော့ရှောင်းရှောင်း ကျန်းနင်ဝေးကိုဆွဲပြီး ပြန်ပြေးလာသည်။ သူမ ယန်းချင်းချီကိုတဟီးဟီးပြုံးပြရင်း အလံတိုင်ကိုဆွဲနုတ်လိုက်လေသည်။
ယန်းချင်းချီနဲ့မော့ရှောင်းရှောင်း တစ်ယောက်တစ်လှည့်စီ အလံတိုင်ဆွဲနုတ်လိုက်သည့်အပိုင်းကို ဒါရိုက်တာက ကင်မရာမန်းကိုမှတ်တမ်းတင်ခိုင်းထားကာ အားလုံးတောင်ထိပ်ပေါ်မှာ Group Photoရိုက်လိုက်သည်။ အားလုံးက '' Yayyy '' ဟုအော်လိုက်ကြရင်း လွန်ခဲ့တဲ့သုံးရက်ကပင်ပန်းနွမ်းနယ်မှုတွေကို အပျော်တွေဖြင့် ဖြေဖျောက်လိုက်ကြသည်။
အဆင်းက အတက်ထက်ပိုလွယ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကိုလာကြိုဖို့ ကားအသင့်စောင့်နေသောကြောင့်ပင်။ ခြေလျှင်မဆင်းရတော့တာကြောင့် မော့ရှောင်းရှောင်းနဲ့ ကျန်းနင်ဝေး mini-busကို မြင်လိုက်ရတဲ့အချိန် အသက်ရှင်ဖို့လမ်းစလေးပြန်မြင်လိုက်ရသလိုမျိုး မျက်ရည်တွေပါဝဲတက်လာပြီဟု ခံစားလိုက်ရသည်။ လေးဘီးနဲ့ ကမ္ဘာကြီးရဲ့သယ်ယူပို့ဆောင်ရေးကို အဆင့်မြှင့်တင်ခဲ့တဲ့အတွက် ခေတ်သစ်လူနေမှုဘဝကြီး အဓွန့်ရှည်တည်မြဲပါစေဟု ရွှင်မြူးစွာအော်ဟစ်ရင်း ဝမ့်ဆွေ့ ဝမ့်ဆွေ့လုပ်နေကြသည်။ သူတို့ ကားပေါ်ကိုအမြန်ပြေးတက်သွားကြကာ လမ်းမလျှောက်ရတော့တဲ့အတွက် ဘေးပတ်ဝန်းကျင်ရှုခင်းကို သေချာရှုစားနိုင်ပြီဖြစ်ကြောင်း အာလူးဖုတ်နေကြသည်။

YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||
General Fictionဖန် ထွမ်စလေးရှင်း Main story